Part - 37

31.4K 2.1K 60
                                    

Part - 37

                 My Oleander Hubby

လူကြီးက ဆရာဝန်ကြိီးပြောတဲ့အချိန်မှာ ပြန်သတိရလာပေမယ့် ဆေးရှိန်ကြောင့် ကောင်းကောင်းတော့သတိမရခဲ့ပါ ။ သူ့အတွင်းရေးမှူးဆိုသူက ဖုန်းဆက် တာကြောင့် မတော်တဆမှုကိုသိသွားပြိီး  ဆေးရုံကို လာဝိုင်းစောင့်ပေးတာမို့ ကိုယ့်မှာနည်းနည်းတော့
အသက်ရှူချောင်ရသည် ။ လူကြီးကတော့ ဆေးရုံကိုရောက်ပြီး နှစ်ရက်ကြာတဲ့အထိ အိပ်ပျော်နေသလိုသာရှိခဲ့၏ ။ သုံးရက်မြောက်နေ့မှာတော့
လက်ချောင်းလေးတွေ စတင်ပြီးလှုပ်လာတာကို သတိထားမိလေတော့သည် ။

ခန္ဓာကိုယ်ကစိတ်ရှိတိုင်း မလှုပ်နိုင်တာမို့ အချိန်တော်တော်ကြာအောင်ငြိမ်သက်နေမိသည် ။ အတိတ်နဲ့ ပစ္စုပ္ပန်ကြားကို အတွေးတွေလူးလာခေါက်ပြန်ရင်း ငါဘာဖြစ်နေတာလဲဆိုတာကို စဉ်းစားနေပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေတဲ့ခံစားချက် ကလွဲရင် ကျန်တာဘာမှတွေးမရသေး ။ နာလွန်းတဲ့ခန္ဓာကိုယ်ကြောင့် နည်းနည်းမှလှုပ်လို့မရ ။ အချိန်တော်တော်လေးကြာမှာ အတွေးတွေက ပုံမှန်ပြန်ဖြစ် လာကာ ပုံရိပ်တစ်ချို့ကို ပြန်မြင်လာမိ၏ ။

ဂျွန်လေးနဲ့ကိုယ့်ရဲ့ ပတ်သက်မှုကို တိတိကျကျ
မသိသေးရသည့်တိုင် ဒီတစ်လလုံးလုံး အတူတူရှိနေခဲ့ပြီး အချိန်တွေကိုဖြတ်သန်းဖြစ်သည် ။ မတော် တဆမှုဖြစ်တဲ့နေ့ကလဲ ပုံမှန်အတိုင်းပဲ မူကြိုကျောင်းကိုသွားက တစ်နေ့လုံး ဂျွန် နဲ့အတူတူအချိန်ကုန်ဆုံးပြီးမှ  ကျောင်းဆင်းတော့ ကိုယ်လဲ Hotel ကို
ပြန်လာစခဲ့တယ် ။

Hotel ကိုပြန်ရောက်ရောက်ချင်း အချိန်မှာတော့
နိုင်ငံခြားကိုပို့ပြီးစစ်ခိုင်းထားတဲ့ ကိုယ်နဲ့ဂျွန်ရဲ့ သွေးသားတော်စပ်မှုဆေးစစ်ချက်အဖြေမှာ 99.99..% တူညီနေကြောင်း အဖြေထွက်လာသည် ။ ကိုယ့်သွေးသားလေးရယ်လို့ တိကျတဲ့အဖြေကိုသိရပြီးတဲ့နောက်မှာတော့ ပျော်လွန်းတဲ့စိတ်နဲ့ သားကိုချက်ချင်း
ပြန်ပြီး တွေ့ချင်လာပြန်တော့တယ် ။

စိတ်ရဲ့အလိုကို မထိန်းချုပ်နိုင်တော့တဲ့နောက်ဆုံးမှာတော့ သားတို့သားဖတွေရှိနေတဲ့ ကော်ဖီဆိုင်လေးဆီကို ပထမဆုံးအကြိမ်ခိုးပြီးသွားမိ၏ ။ ကိုယ့်လက်ထဲမှာ မလွှတ်တမ်းဆုပ်ကိုင်ထားမိတာက  ဆေးစစ်ချက်အဖြေစာရွက်လေး ။ သားနဲ့ကိုယ်ဟာ သွေးသားတော်ဆပ်မှုရှိနေခဲ့သည်တဲ့လေ ။ ပျော်လွန်းလို့သားကိုရော ချစ်ရသူကိုပါ တိတ်တိတ်လေးသွားချောင်းကြည့်နေမိတာပါ ။

My Oleander Hubby ( Completed ) Where stories live. Discover now