10

20.9K 2.9K 214
                                    


Unicode

လော့လင်းရှန်း နှင့် ရှီယွင်နန်တို့  အိမ်ထောင်ရေးက အတုအယောင် ဖြစ်ပေမယ့်လည်း ဦးလေးချင်ကတော့  ဒီပျော်စရာအခိုက်အတန့်လေးကို စိတ်ရင်းထဲကနေ မြင်ချင်လေသည်။ အဲ့ဒါကြောင့် သူက လော့လင်းရှန်းရဲ့  အမိန့်ကိုတောင် မစောင့်ဘဲ အရသာရှိတဲ့  ညစာစီစဉ်ပေးရန် စားဖိုမှုးတွေကို ညွှန်ကြားခဲ့သည်။

လော့မိသားစုရဲ့ စားဖိုမှူးများသည် လက်ရာ အလွန် ကောင်းမွန်ကြသည်။ သူတို့က ငါးနဲ့ပတ်သက်တဲ့ ဟင်းပွဲအားလုံးကို သေချာရွေးချယ်ထား၏။

အကြီးလေးနဲ့ အသေးလေးဖြစ်တဲ့ ရှီယွင်နန် နှင့် လော့ကျင်းယွီကတော့ မြေခွေးလေးနှင့် ကြောင်ပေါက်လေးလိုပင် စားပွဲပေါ်ရှိ ငါးဟင်းအားလုံးကို မိနစ် ပိုင်းအတွင်း ကုန်အောင်စားကြတော့သည်။

လော့လင်းရှန်း ထိုမြင်ကွင်းကို သတိထားမိသွားပြီး ဦးလေးချင်အား တိတ်တဆိတ်ကြည့်လိုက်တော့

ဦးလေးချင်လည်း နောက်မှ သူ့အဓိပ္ပါယ်ကို နားလည်သွားကာ ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။

ကြည့်ရတာ အနာဂတ်မှာ 'ငါး' က ဒီမိသားစုရဲ့ စားပွဲပေါ်တွင် အဓိကဟင်းလျာ ဖြစ်လာတော့မယ့်ပုံပဲ။

ညစာစားပြီးနောက် လော့လင်းရှန်းက သူ့ရဲ့အလုပ် တွေကို ကိုင်တွယ်ရန် စာကြည့်ခန်းထဲသို့ ဝင်သွားသည်။ ရွှေငါးလေးလည်း သီးသန့်စာသင်ချိန်ရှိလေသည် ။ ဘာမှလုပ်စရာမရှိတဲ့ ရှီယွင်နန်ကတော့ ဝိုင်တစ်ခွက်ကို သူ့အခန်းထဲသို့ယူလာကာ ဟိုကြည့်ဒီကြည့်လုပ်ဖို့ သူ့ခရီးဆောင်အိတ်ထဲမှ ပုံဆွဲစာအုပ်ကို ထုတ်ယူလိုက်သည်။

လူအိုကြီးရှီရဲ့ မျက်လုံးထဲမှာ ရှီယွင်နန်က  မိသားစု စည်းစိမ်ဥစ္စာများကို ဖြုန်းတီးခြင်းပြီး  ဘာအလုပ်မှမလုပ်တဲ့ အရှုံးသမားဖြစ်သော်လည်း တကယ်တမ်းတော့ ရှီယွင်နန်က လက်ဝတ်ရတနာဒီဇိုင်းတွင် အလွန်အောင်မြင်ကာ တီထွင်ဖန်တီးနိုင်မှုနှင့် ဝင်ငွေစောစောရခြင်းကို လွပ်လပ်စွာအကောင်အထည် ဖော်နိုင်ခဲ့သည်။

လူများရှေ့တွင် သူ့မျက်နှာကို ဖုံးကွယ်ထားရတာကျင့်သားရနေတော့  ဒီထူးခြားပြောင်မြောက်တဲ့
ဇိုင်းစွမ်းရည်ကိုပင် လူအနည်းငယ်မျှသာ သိရှိနိုင် သည့် ကလောင်အမည်ဖြင့် လက်ရာများကို လက်ခံခဲ့သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now