Chapter - 21 (Part 3)

419 65 1
                                    

Unicode

ငါ့မှာ အပြင်ထွက်ပြီး​တော့ စျေးဝယ်ရုံကလွဲလို့ ဘာမှလုပ်စရာမရှိဘူး။ ငါ အိမ်ပြန်ရောက်တော့ ဗိုလ်မှူး​လေး​ဟောင်က ငါ့တိုက်ခန်းရဲ့ ဧည့်ခန်းထဲမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ သူက ငါ့ရဲ့ ကော်ဖီစားပွဲအသစ်ပေါ်မှာ သူ့သေနတ်ကို ပြင်းပြင်းထန်ထန်ပစ်ချလိုက်ပြီး ကျင်းရှန့်ကို ခြိမ်း​ခြောက်​နေတယ်, "မင်းက ဘာကို အတိအကျလုပ်ချင်​နေတာလဲ?"

ကျင်းရှန့် ဘာလုပ်ချင်တယ်ဆိုတာကို​ ငါ မသိဘူး။ ဒါပေမယ့် ငါ အသစ်ဝယ်ထားတဲ့ ကော်ဖီစားပွဲ​လေးကို သနားပါလို့​တော့ သူ့ကို တောင်းပန်ချင်တယ်။ ငါ အဲ့ဒါကို ဝယ်ဖို့အတွက် အချိန်ပိုလစာကို သုံးလလောက် စုဆောင်းခဲ့ရတာ။

ဒီအချိန်တွေအားလုံး ပြီးသွားတဲ့​နောက် ​ကျောင်းကုန်းဇီဟာ အရာဝတ္ထုတွေကို မြတ်နိုးတန်ဖိုးထားတတ်လာပုံရတယ်။ အစက သူ ဆိုဖာပေါ်မှာထိုင်ပြီး ဘာမှမပြောဘဲ သတင်းစာဖတ်နေ​ပေမယ့် အခုတော့ သူက သတင်းစာကို ကော်ဖီစားပွဲပေါ် ပစ်ချလိုက်ကာ ​"​လောင်ဇီရဲ့ ကော်ဖီစားပွဲနဲ့ ခပ်ဝေးဝေးနေပါ" လို့ အော်လိုက်တယ်။

ဗိုလ်မှူး​ဟောင်က သူ့ကို ဂရုမစိုက်ဘဲ မကြားချင်ယောင်ဆောင်နေခဲ့တယ်။ သူက ကျင်းရှန့်ကိုပဲ ဆက်လက်စူးစိုက်ကြည့်နေတယ်။

ကျင်းရှန့်က ငါ့ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့ပုံစံက စိတ်မသက်မသာဖြစ်​နေပုံရပြီး နောက်ဆုံးမှာတော့ သူက ​ပြောလိုက်တယ်, "ဗိုလ်မှူး​ဟောင်, အပြင်မှာ စကားပြောကြမယ်, ​ကျောင်းကုန်းဇီနဲ့ မစ္စတာကျူးကို အနှောက်အယှက်မပေးပါနဲ့"

"မင်းသာ ဒီနှစ်ယောက်ကို အနှောက်အယှက်ပေးမှာကို စိတ်ပူတယ်ဆိုရင် ဒီကို လာ​နေမှာမဟုတ်ဘူးလေ", ဗိုလ်မှူး​ဟောင်က ကော်ဖီစားပွဲပေါ်ကသေနတ်ကို ဆွဲယူလိုက်ပြီး ကျင်းရှန့်ရဲ့လက်ထဲကို ထည့်​ပေးလိုက်တယ်, "ဒီနေ့ မင်း ငါ့ကို ထားခဲ့မှာလား, ဒါမှမဟုတ် မင်း ငါ့ကို ပစ်သတ်မလား"

အဲ့ဒါကြောင့် ကျင်းရှန့်ဟာ ​ကျောင်းကုန်းဇီရဲ့ စိတ်အနှောက်အယှက်ဖြစ်စရာမ​ကောင်းတဲ့ ရှားရှားပါးပါး သူငယ်ချင်းလို့ ငါ ပြောခဲ့တာ။ ​ကျောင်းကုန်းဇီရဲ့ သူငယ်ချင်း​တွေက "မင်း __ ကို လုပ်, မဟုတ်ရင် မင်း ငါ့ကို ပစ်သတ်ရမယ်" ဆိုပြီး အမြဲပြောလေ့ရှိကြတယ်။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now