အိုလီဗာ(Arc -3.2)

10.9K 909 13
                                    

<Unicode>
"အသက် ဘာလုပ်နေတာလဲဟင် အနားမှာရှိသေးလား"

"အာ ရှိ ရှိတယ် အင်္ကျီရှာနေတာ"

*ဟုတ်သားပဲသူမှမမြင်ရတာ အဟင်း တုံးလိုက်တဲ့ငါ*

သူရဲ့အင်္ကျီနဲ့ဘောင်းဘီဟာအဲဗရက်ကိုရေချိုးပေးနေရင်းမတော်တဆစိုထားတာကြောင့်အသားတွင်ကပ်နေပီးကောက်ကြောင်းများပေါ်နေသည်။သူမသိလိုက်တာကတော့သူ့ကိုကြည့်ရင်းတံတွေးမြိုချကာအံကြိတ်ထားရတဲ့သူကိုပင်။

...........

နောက်တနေ့မနက်...

"morning အကိုလေး"

"အာ ရပါတယ်အဒေါ်ကြီး ကျနော့်ကိုရိုသေစရာမလိုပါဘူး"

"အေးကွယ် ဗိုက်ဆာလို့လား"

"မဟုတ်ပါဘူး အဲဗရက်အတွက်ပါ သူကမနက်စာဘာစားတတ်လဲ"

"သခင်ကြီးကမနက်စာကို ကော်ဖီတစ်ခွက်ပဲသောက်တယ် ဘာမှထွေထွေထူးထူးမလုပ်ခိုင်းဘူး"

"အယ် ဘယ်ဖြစ်မလဲမနက်စာကတနေ့တာမှာအရေးကြီးဆုံးကို အဒေါ်သွားနားလိုက်တော့နော် ကျနော်ပဲတက်လုပ်လိုက်မယ်"

"အေးကွယ် တစ်ခုခုလိုရင်ခေါ်လိုက်နော်"

"ဟုတ်ကဲ့"

အဒေါ်ကြီးထွက်သွားတော့မနက်စာလုပ်ရန်ရေခဲသေတ္တာဖွင့်ကြည့်လိုက်တော့အသီးရွက်နဲ့မုန်လာဥများတွေတာကြောင့်သီးစုံထမင်းကြော်ရန်ဆုံးဖြတ်လိုက်သည်။ခနကြာတော့အသီးရွက်နဲ့အသားတစ်ချို့ပါတဲ့ထမင်းကြော်ဟာပီးဆုံးသွားပိးအဆုံးသတ်အနေနဲ့ကြက်ဥပြုတ်လေးကိုထိပ်တွင်တင်လိုက်သည်။ထို့နောက်လင်ဗန်းတစ်ခုပေါ်သို့ထမင်းကြော်ပန်းကန်နဲ့ကော်ဖီခွက်လေးကိုတင်ကာအပေါ်ထပ်သို့တက်လာလိုက်သည်။

အခန်းထဲဝင်လိုက်တော့အဲဗရက်ကကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်နေသည်။

"နိုးပီလား အဲဗရက် ဒီမှာကျနော်မနက်စာပြင်လာတယ်"

ဗန်းကိုကုတင်ဘေးကစားပွဲပေါ်ချကာအဲဗရက်အားမျက်နှာသစ်ရန်ကူညီပေးလိုက်သည်။

"ဟို အဲဗရက် မုတ်ဆိတ်မွေးနေရှည်နေပီ"

"ကိုယ်သိတယ် ဒါပေမယ့်ကိုယ်မှမရိတ်နိုင်တာ ဘယ်လိုလုပ်ရပါ့မလဲ"

Love System (Completed)Where stories live. Discover now