144

5K 1K 47
                                    

Unicode

“အဆင်ပြေရဲ့လား..?”

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရင်းဆုယဲ့က ရွှယ်ယို့ရှန်းဘေးကို အမြန်ပြေးသွားလိုက်တယ်။ ပြီးနောက် သက်ပြင်းချကာ ရွှယ်ယို့ရှန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်လေတယ်။

“ခင်ဗျားလာကယ်တာပဲကို.. ဘာလို့ အဆင်မပြေရမှာလဲ..?”

ရင်းဆုယဲ့ရဲ့ရင်ခွင်ထဲ ရောက်သွား၍ထင့်၊ ရွှယ်ယို့ရှန်းရဲ့ တုန်လှုပ်ချောက်ချားနေတဲ့ နှလုံးသားလေးက ပြောမပြတတ်အောင် တည်ငြိမ်သွားရတယ်။ ပျာယာခတ်နေတဲ့ ရင်းဆုယဲ့ကိုကြည့်ပြီး ရွှယ်ယို့ရှန်းက နားမလည်နိုင်သလို မျက်တောင်ခတ်လိုက်တယ်။

ဟွမ်ပေ့ချန်ရဲ့တိုက်ကွက်ကို ရင်းဆုယဲ့ အချိန်မီရောက်လာပြီး တုံ့ပြန်ပေးလိုက်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်အထိ ပျာယာခတ်နေရတာလဲ..?

“ဟွမ်ပေ့ချန်ကို ရင်ဆိုင်လိုက်တာ ကိုယ်မဟုတ်ဘူး.. မင်းပါ..”

ရင်းဆုယဲ့က စိတ်ဓာတ်ကျစွာ ပြောလိုက်တယ်။

အချိန်မီမရောက်နိုင်တာကို သိလိုက်တာကြောင့် ‘သေအတူရှင်မကွာ’ စာချုပ်ကို အသက်သွင်းဖို့ ပြင်ဆင်လိုက်ပေမယ့် သူဘာမှမလုပ်နိုင်သေးခင် မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တယ်။

“ကျွန်တော်လား..?!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ စကားလုံးတိုင်းကို နားလည်ပေမယ့် ဆိုလိုရင်းကို နားမလည်နိုင်ခဲ့ဘူး။ ရင်းဆုယဲ့ရဲ့ စကားကို မယုံကြည်လို့မဟုတ်ဘဲ သူကြားလိုက်ရတာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့တယ်။

သူ့ရဲ့စွမ်းအင်အဆင့်ကို သူအသိဆုံးပဲ။ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့သူက ကြီးမြတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ကွက်အောက်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ..?

“ခုနတုန်းက ထူးခြားတာတစ်ခုခု ခံစားလိုက်ရလား..?”

ရင်းဆုယဲ့လည်း ရွှယ်ယို့ရှန်းရဲ့ စွမ်းအင်အဆင့်ကို သိထားတယ်။ အဆင့်နိမ့်ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်ပေမယ့် အဆင့်မြင့်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်လည်း ရင်းဆုယဲ့ခမျာ ပျာယာခတ်သွားရတာပေါ့။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now