အပိုင်း(၃၅)

14.5K 757 28
                                    

***ပြင်ပအနာကိုသာကုသလို့လွယ်မည်၊ အတွင်းစိတ်ဒဏ်ရာကားကုသရခက်၏***

"ဧကရီ ...နင်လည်း ဆရာဝန်ပဲ .သူနဲ့က ဘယ်လိုပတ်သတ်လဲ ...ငါသိရမှဖြစ်မယ် male pregnant ဆိုတာ ဘယ်လောက်အန္တာရာယ်များလဲ နင်အသိပဲ၊ နင် လိမ်ဖို့မကြိုးစားနဲ့ ငါကို ၊ ပြောပြပါ ဒါမှ ငါအကြံပေးလို့ရမှာ "

"အေးပါ တည်မြဲရယ် ငါ...ငါ ပြောပြပါမယ်...မောင်လေးက male pregnant ဆိုတာ ..မယုံကြည်နိုင်လို့ ပါဟာ..."

ဆေးလောကသားတွေအနေနဲ့ မိန်းကလေးကိုယ်ဝန်သည်ကို တွေ့ဖူးတာ မထူးဆန်းပေမယ့်၊
ကျွန်မတို့ နိုင်ငံလိုမဖွံ့ဖြိုးတဲ့ နိုင်ငံငယ်လေးမှာ Male pregnant ဆိုတာ လူထူးဆန်းပဲ။ ဒီသတင်းသာ ဆေးလောက သားတွေ ကြားမိကြရင် အံ့ဩထူးဆန်းကြမယ် ခေါင်းစီး သတင်းကြီး တစ်ပုဒ်ဖြစ်မည်။ ဆေးလောကသားတွေ သုတေသန တွေလုပ်ချင်ကြမယ်၊ social media တွေက ပေါ်ပေါ်ထင်ထင် သတင်းရေးကြမယ်။ ဒါဆို ကာယကံရှင် အတွက်ရော ဘယ်လိုခံစားရမလဲ၊ သူက ယောကျာ်းလေးတစ်ယောက်ဖြစ်ရက်နဲ့ ကိုယ်ဝန်ဆောင်ရတဲ့ဖြစ်ရပ်မျိုး သူကိုယ်တိုင်လက်ခံနိုင်မလား၊ သူကိုတိုင်လက်ခံချင်တယ်ထားပါ ကြီးမားတဲ့ အသက်အန္တာရာယ်ကို ရင်ဆိုင်နိုင်ရမည်။ သူကို လူထူးဆန်းလို ဆက်ဆံနေကြတာ ခံရရင် သူမွန်းကြပ်လာမယ်၊ အသက်ရှင်နေထိုင်ချိန်မှာ အရှက်ရမူနဲ့ နေရမယ်။ ပြင်ပဖိအားတွေကို မခံနိုင်တဲ့အဆုံး သူ ဘယ်လမ်းရွေးမလဲ၊ သူရော သူကလေးရော စိတ်ထွက်ပေါက်လို့ ယူဆ ထားတဲ့ နောက်ဘဝတစ်ခုကို သူရွေးလိမ့်မယ်။ ဒါက မထူးဆန်းဘူး ၊ ဒီလို ဖြစ်ရပ်မျိုးက ဖွံ့ဖြိုးမူနောက်ကျတဲ့နိုင်ငံငယ်လေးတွေက မကြာခဏ တွေ့ကြုံနေကြ ဖြစ်ရပ်မျိုး။

ခု ကျွန်မလက်ထဲရောက်လာတဲ့ မောင်လေးအရွယ်သာသာ ကောင်လေးကို ကြည့်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်ချက်ကို ချက်ချင်း ချမိသည်။ အကယ်၍ ဒီမောင်လေးကသာ ကလေးကိုလက်ခံနိုင်သည် ဟုဆိုလာရင် ကျွန််မ အမိုက်ခံပြီး ပြုစုမယ်၊ သတင်းသမားတွေရန်က မတွေ့အောင် ဖွက်မယ်၊ ဆေးလောကထဲက အတ္တသမား၊ မတော်လောဘသားများ ရန်က ရအောင်ကာကွယ်ပြီး ဒီကလေးနှစ်ယောက်အသက်ကိုကယ်မယ်။ ဒီမောင်လေးနဲ့ ထူးဆန်းစွာတွေ့ဆုံရမူနှင့် ခိုင်မာသော ကျွန်မ ဆုံးဖြတ်ချက်များကို ရင်းနှီးပြီး ၊ မောင်နှမလို နေကြတဲ့ Dr.တည်မြဲကို စကားကုန်ပြောပြမိတယ်။ သူကလည်း လူကုံတန် အသိုင်းအဝိုင်းထဲကလူ၊ ပြင်ပနိုင်ငံများဆီက ကလေးနှင့်ဆိုင်သော ဘာသာရပ်ကျွမ်းကျင်မူများစွာကိုလေ့လာ စမ်းသပ်နိုင်ခဲ့သော သူမို့ ဒီကိစ္စမျိုး ကြုံတွေ့ရတာ သူအတွက်မထူးဆန်းနိုင်ပါ။ ခု သူ ဘယ်လို ပြောမလဲ၊ သူက ကျွန်မ ရှောင်ရှားရမယ့် အန္တာရာယ် ပေးနိုင်မယ့်သူမျိုးမဟုတ်ဘူး လို့ တွေးမိရင်းပေါ့။

ချစ်ခြင်းတို့အလွန် Where stories live. Discover now