Chapter- 95

6.3K 1.1K 31
                                    

အစမ်းစာမေးပွဲ ပထမဆုံးရက် :

ဒီတစ်ခါစာမေးပွဲမှာတော့ ခုံနံပါတ်တွေက နာမည်အလိုက်စဉ်ထားခြင်းဖြစ်တယ်။ စာမေးပွဲခန်းထဲကို လွယ်အိတ်လွယ်ရင်းပဲ ရင်းချဲယ် ဝင်သွားလိုက်တယ်။ သူ့အနေနဲ့ ခုံနံပါတ်ကို အထူးတလည်ရှာနေစရာမလိုပေ၊ သူ့ညီကိုတွေ့တာနဲ့ သူ့ခုံကိုတွေ့ပြီးသားပင်။

"ငါကြားတယ် မင်း ပါးကို ဖျော်ရည်ဘူး စစ်ခိုင်းတယ်ဆို"
သတင်းဘယ်ကပျံ့လာတယ်တော့ ရင်းဇယ်ကိုယ်တိုင်လည်း မသိပါ။
"တစ်ခုခုဖြစ်လို့လား? ဘယ်သူပေးတာလဲ? ချန်းဟောင်လား?"

"သူမဟုတ်ဘူးရယ်၊ ငါအထင်လွဲတာလည်း ဖြစ်ချင်ဖြစ်မှာ၊ ဘာမှ မဖြစ်လောက်ပါဘူး"

"အဲ့လိုလည်း ပြောလို့မရဘူးလေ၊ ကောကိုက လူအမုန်းခံရအောင် ဘာတွေသွားလုပ်ထားမှန်းမှမသိတာ"

ရင်းချယ်အတွက်တော့ ဒါမျိုးအပြောက နေသားကျနေပြီဖြစ်လိူ့ တခြားအကြောင်းအရာ ပြောင်းမေးလိုက်တယ်။
"မင်းနဲ့ပိုင်ယွိဝေရော အဆင်ပြေရဲ့လား?"

ရင်းဇယ်က ကြောင်အသွားသည်။
"ရုတ်တရက်ကြီး မဆီမဆိုင် ဘာတွေလာမေးနေတာလဲ?"

"သူက မိန်းမကောင်းလေးပါ၊ သူများခံစားချက်တွေကို ထပ်ပြီး ကစားမနေနဲ့တော့"

"ငါသိပါတယ် ကောပြောစရာမလိုဘူး"
ရင်းဇယ်က အကြည့်လွှဲသွားတယ်။
"ငါက တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတယ်ဆိုပေမယ့် လုံးဝကြီး ရက်စက်နေတာတော့မဟုတ်ပါဘူးနော်"

"နောက်ထပ်ရော ထပ်ပြောင်းတွဲဦးမှာလား?"

"သူလုပ်ပုံကိုလည်း ကြည့်ဦးလေ၊ အခုတောင် ငါ့ကိုအတော်စိတ်ပျက်စေနေပြီ နေ့တိုင်းပဲ ငါ့ကိုတုံးတယ် ကလေးဆန်တယ်ဆိုပြီး ဆူပူနေပြီးတော့၊ ညဖုန်းဆက်တိုင်းလည်း မနည်းမနော အပြောခံနေရတယ် အရင်တွဲတဲ့ကောင်မလေးတွေကမှ သူ့ထက်သာဦးမယ်"

ရင်းချယ်က ပြုံးတယ်။
"ဒါပေမယ့်လည်း အားလုံးထဲမှာ သူနဲ့တွဲတဲ့အချိန်က အကြာဆုံးပဲမလား"

".....အဲ့ဒါက... ငါပြောင်းတွဲရမှာ ပျင်းနေလို့"

ရင်းချယ်ကတော့ သူလိမ်နေတယ်ဆိုတာ သိနေပေမယ့် ထပ်ပြောမနေတော့ပေ၊ တော်ကြာ စိတ်ဆိုးသွားမှဖြင့် စာမေးပွဲဖြေတာ အနှောင့်အယှက်ဖြစ်နေဦးမည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now