အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!

1.2K 121 25
                                    

Uni

မြို့အုပ်မင်းရုံးခန်း၌မူ ‌မုန်တိုင်းမလာခင်လေပြေငြိမ်နေသကဲ့သို့ငြိမ်သက်နေသည်ကြောင့်တရုံးလုံးရှိစာရေးကြီး ‌၊ အငယ်တန်းစာရေး၊ ယုတ်ဆွအစဆုံး သန့်ရှင်းရေးလာလုပ်ပေးတဲ့ ချစ်တီးကုလား‌ေတွတောင် သက်သောင့်သက်သာနှင့်အလုပ်မလုပ်ရဲကြချေ။

သည့်အပြင်မြို့အုပ်မင်းနှင့်အနီးကပ်တာဝန်ထမ်းဆောင်ပေးရသည့် စာရေးတန်းမှအသစ်ဝင်လာသော စာရေးလေး စာရင်းမှားလုပ်မိတာတောင် အပြစ်မပေးပဲ ပြန်လွှတ်လိုက်သည်။ အရင်ကဆို မြူမှုန်စာလောက်လေးအမှား ပါတာတောင်အပြစ်ရှာနေသည့်မြို့အုပ်မင်းက ဒီနေ့ကြမယ် ထူးဆန်းလွန်းပါ၏။

အပြစ်လွတ်သွားသော စာရေးငယ်လေးက ပျော်ရမှာတောင်စိတ်ချလက်ချမပျော်ရပေ။ ထိုစာရေးငယ်လေး၏ စိတ်အစုံကိုဝင်ကြည့်ရပါတယ်ဆိုလျှင်

* အပြစ်ပေးလိုက်တာပိုကောင်းပါမယ် နတ်ဆိုးရေ အခုလို အပြစ်မခံရတာပိုပြီးကြောက်ရွံရပါတယ် ဆိုတာ မြို့အုပ်မင်းမသိလေရော့လား*

ထိုသို့အကြီးအကျယ်ဟစ်ကြွေးနေမှာအမှန်ပင်လေ။

ဤစာရေးငယ်လေးသည် သူ့ရှေ့ကလုပ်သက်ရင့်နေသည့်စာရေးကြီးကို မျက်စပစ်ပြီး အသံတိတ်စကားပြောလိုက်သည်။

ထိုအချင်းအရာကိုစာရေးကြီးက အသံမထွက်ပဲအမူအရာနှင့်ပြန်ဖြေပြန်သည်။

သူတို့အသံတိတ်အမူအရာနှင့်ပြောနေသည့်စကားလုံးတွေကိုဘာသာပြန်ရမည်ဆိုလျှင်

စာရေးငယ်‌လေးကမူ

* ကျုပ် ကို ဂတ်ထဲထည့်ဖို့များလား အပြစ်မယူတာ က တော့ တော်တော့်ကိုထူးဆန်းနေတယ် ကျုပ် ဒီလို အပြစ်ဒဏ်မကျပဲ နေတာထက်စာရင် အပြစ်ဒဏ်ခံလိုက်ရခါမှ ပိုပြီးစိတ်ချမ်းသာဦးမယ် *

ထိုစကားလုံးတွေကိုစာရေးကြီးက နားလည်သည့်ဟန်နှင့် ပြန်ဖြေသည်။

* အေးကွာ သေချာတယ် မင်းမယ် ဂတ်ထဲသေချာပေါက် ညအိပ်ရမယ်တူတယ် တူကြီးရ*

စာရေးကြီး ဤသို့ ပြန်ဖြေပြန်တော့ ထိုစာရေးငယ်လေးက ငိုချမတတ် ဖြစ်သွားတော့သည်။

သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Completed]Where stories live. Discover now