12

17.7K 2.9K 66
                                    

Unicode

အကန့်ကန့်ထားသည့် သီးသန့်နေရာကို ရှီးခဲယွဲ့ နဲ့ အတူ ပါလာသော ချမ်းသာတဲ့ သခင်လေးနှစ်ယောက်လည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရန် သူတို့နေရာကနေ ရောက်လာကြတော့သည်။

လူခြောက်ဦးကို နှစ်သင်းအဖြစ် ခွဲလိုက်ပြီး တစ်ဖက်တွင် ရှီးခဲယွဲ့၊ ယွမ်ရွေ့ ဖြစ်ပြီးအခြားတစ်ဖက်
တွင်ရှီယွင်နန် နှင့် ဖုကျစ်ယွီတို့ဖြစ်သည်။

စားပွဲထိုးက စျေးကြီးသော နိုင်ငံခြားဝိုင်များထည့်ထားတဲ့ ခြင်းနှင့်  အနားကပ်လာပြီး စားပွဲပေါ်တွင် တစ်ခုချင်းစီချနေရင်း

"ဆရာ ၊ ကျွန်တော်က ဆရာတို့ ဝိုင်းကို ဝန်ဆောင်မှုပေးမယ့်သူပါ။ တစ်ခုခုလိုတာရှိရင် ကျွန်တော့ကိုပြောလို့ရပါတယ်။"

စားပွဲထိုးက သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှီယွင်နန်ကို ကြည့်လိုက်သည်။

ဖုကျစ်ယွီ စားပွဲပေါ်မှာ တင်ထားတဲ့ ဝိုင်တွေကို တစ်ချက်ကြည့်လိုက်ပြီး

"ယို့ဟိုး၊ အားလုံးက အရက်တွေချည်းပဲလား။  မင်းတို့က ဘယ်လိုကစားချင်တာလဲ?"

(*သူပြောတဲ့ အရက်က strong ဖြစ်တဲ့အရက်မျိုးပါ ဘီယာတို့ ကော့တေးတို့မဟုတ်ပဲ ဝီစကီတို့ vodka မျိုးပါ)

ရှီးခဲယွဲ့က ဘယ်သူ့မှ မပြောရသေးခင် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။

"ငါ လောင်းကစားကိုတော့ သိပ်နားမလည်ဘူး၊ အရက်သောက်ဖို့လည်း စိတ်မဝင်စားတော့ ငါမပါတော့ဘူး။ ဒါပေမယ့် ငါတို့ရှုံးရင် ငါကူသောက်ပေးမယ်။"

ယွမ်ရွေ့က သူ့သူငယ်ချင်းရဲ့  ပုံမှန်မဟုတ်တဲ့ ရိုးသားသည့်စရိုက်ကို သိတော့

"အမ်း၊ ခဲယွဲ့၊ မင်းဒီတိုင်း ထိုင်ကြည့်နေ၊ ဝင်မပါနဲ့။"

နားမလည်တာလား? စိတ်မဝင်စားတာလား? တမင် ကစားပွဲကနေ ထွက်ထားတာလား? ဘယ်လိုတောင် ပြစ်မျိုးမှဲ့မထင် ကြာပန်းဖြူလေးလဲ?

ရှီယွင်နန် သူ့ရည်ရွယ်ချက်ကို မြင်သော်လည်း ဘာမှပြန်မပြောလိုက်ပေ။  "ဘယ်လိုကစားမှာလဲ?လောင်းကြေးကကော ဘာလဲ?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now