Description

57.5K 2.1K 130
                                    

Unicode

'ဂျန်ရှင်းဆွေ့' သေဆုံးပြီးသည့်နောက်တွင်သိလိုက်ရသည်မှာ သူသည်ခွေးသွေးဝတ္ထုစာအုပ်ထဲမှ တုံးအလွန်းသည့်အမြောက်စာခံဇာတ်ကောင်လေးတစ်ကောင် ဖြစ်နေသည့်အကြောင်းကိုပင်။

ဝတ္ထုထဲတွင်သူသည် သူ​၏ဆင်းရဲသောမိဘအရင်းများဆီသို့ပြန်ရန်မလိုလားပဲ 'ဂျန်မိသားစု' ၏စည်းစိမ်များကိုမက်မောကာ သခင်လေးအစစ်အမှန်ဖြစ်သော ဝတ္ထု​၏အဓိကဇာတ်ဆောင်shouကို နှိပ်ကွပ်ချင်ခဲ့သည်။သူ့​၏ဝက်ခေါင်းလိုဦးနှောက်မှထွက်သောလှည့်ကွက်များက မိသားစုဝင်အားလုံးကိုစိတ်ဆိုးစေခဲ့သည်။

CEOဖြစ်သောယခင်အကိုကြီး : "ငါ့မှာမင်းလိုညီမျိုးမရှိဘူး"

Starဖြစ်သောယခင်ဒုတိယအစ်ကို : "ဒီဖျော်ဖြေရေးလောကထဲမှာ ငါအရင်ကမင်းရဲ့အစ်ကိုဖြစ်ခဲ့ဖူးတယ်ဆိုတာ ဘယ်တော့မှမပြောနဲ့"

ယခင်အဖေ : "မင်းထွက်သွားစမ်း ငါမင်းကိုအရမ်းစိတ်ပျက်သွားပြီ"

အဲ့ဒီနောက် အိမ်ပေါ်မှကန်ချခံလိုက်ရပြီး သူ​၏ဘဝမှာဆိုးရွားစွာအဆုံးသတ်ခဲ့ရပါတော့သည်။

ပြန်လည်မွေးဖွားပြီးနောက်မှာတော့ 'ဂျန်ရှင်းဆွေ့'ဟာ မူလဇာတ်လိုက်shou အိမ်ပေါ်ရောက်လာသောနေ့တွင် သူ့မိဘများစကားစမပြောခင် သူကအရင်စပြီး "ဘာမှပြောစရာမလိုတော့ပါဘူး ကျွန်တော်အိမ်ပေါ်ကနေဆင်းပေးဖို့ဆန္ဒရှိပါတယ်" ဟုပြောလိုက်ပါတော့သည်။

သူ​၏အရင်ကအိမ်ကိုပြန်ပြီးမကြာခင်မှာပင် ဆင်းရဲသောမိဘအရင်းများကပြောလာသည်မှာ : "တောင်းပန်ပါတယ် မင်းကငါတို့ရဲ့သားအရင်းဖြစ်ပုံမပေါ်ဘူး"

ဂျန်ရှင်းဆွေ့ : " ? "

နောက်တော့ ထိပ်တန်းချမ်းသာသော 'ရှန်မိသားစု' ကသူတို့​၏နှစ်ပေါင်းများစွာပျောက်ဆုံးနေသော သခင်လေးကို နောက်ဆုံးမှာပြန်ရှာတွေ့သွားပါတော့သည်။ တစ်အိမ်သားလုံးက ဝမ်းမြောက်စွာနဲ့ပဲ ဒီကလေးလေးအတွက် လိုအပ်သောအရာအားလုံးကိုလုပ်ပေးဖို့မစောင့်နိုင်ကြတော့ပါဘူး။

CEOဖြစ်သောအစ်ကိုကြီးအရင်း : "ဒီမှာမုန့်ဖိုးသန်း50, မလောက်ရင်ပြော အစ်ကိုကြီးမှာရှိသေးတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now