p 1/S 3(Z&U)

1.4K 13 0
                                    

part 1

💜  ပင်လယ်ငိုသည့် ည

🍹🍬🍹🍬🍹🍬🍹🍬🍹🍬🍹🍬🍹

အခန်း 1

       သောင်ကမ်းစပ်ပေါ် တစ်လှမ်းချင်း
လျှောက်နေမိသူရယ်။ တငိုငို တရီရီ ညည်း ညူနေသော ပင်လယ်ရယ်။ လျှို့ဝှက်သော တံခါးအနောက်ကွယ်က ရင်ခုန်သံလေးရယ်။သည်အရာတွေဟာ အဘယ်သို့သော အရာ တွေနည်း။

တစ်ရံတစ်လေတော့လည်း အမည် မသိ သော ခေါ်သံကို ကြားနေရသည်။ထိုအသံကနက်သည်။ စူးအောင့်မတတ်ပင် နစ်နဲနေတတ်သည်။

သောင်ကမ်းစပ်က ကျောက်ဆောင်တွေပေါ်
ခုန်ကာ ပြေးတက်လိုက်ချိန်၊ မိုက်ရူးရဲဆန်စွာ အသိတရားမဲ့ကာ ရိုက်ခတ်နေသော ပင်လယ်
လှိုင်းသံ တချို့၏  စကားသံ ငွေ့ငွေ့လေးကို ကြားယောင်မိသည်။အမှာစကား ပါး လိုက်သည်
ကို ညီးညူစွာ လာပြောနေကြခြင်းသာ။

     နားဆင်ရသည်မှာ အားမရ။ တိမ်နစ် ဝင်
သွားသော ပင်လယ်အော်သံနောက် နှလုံးသား
ကို ပြေးထည့်ပေးမိသည်။သို့သော် ပင်လယ်က မယူသွား။သူ ငိုနေပြီ။ နားကို သောင်စပ်သဲစိုစို
ပေါ် ကပ်ကာ နားထောင်ကြည့် မိသည်။

ပင်လယ်ပြင်က ခြောက်ခြားနေပြီ။ပင်လယ် အော်နေပြီ။ဆွဲငင်စွာအော်နေသော ထို အော်
သံ၏ အနောက်မှာ အလွမ်းတွေ ပါ နေသလို
မသိခြင်း တရား တွေပါ ရောပြွန်းနေသည်။

ရေးတေးတေး ဂီတသံက ပင်လယ်က အသံလား ၊ အခြားတစ်နေရာက အသံ လေ လားဆိုတာ ခွဲခြား နေမိဆဲ……။

    " ဇုသွဲ့ လာလေ၊ လာကွာ "

နေသည်။ပင်လယ်က ဆိုနေသော ဂီတသံ
က လှသလို၊ပြင်းရှသည်။ငိုသံနှင့် အလွမ်းကို မသိမသာ ရောထားသည်။

မြေပြင်က ဖလပ်မီးလက်လက်နှင့်၊ ပြာတောက်
ဖျော့ တော့ အလင်းမှိန်သော သောင်ပြင်၌ လူ
တစ်စု ရှိရာ နေရာမှ လာသော ထိုဂီတသံက ပေါ့ ရွှတ်သည်။ဆား မပါတဲ့ ဟင်းလို။စား မပျော်။ ဇုသွဲ့ ထိုင်နေမိရာက ထလာလိုက်သည်။

ပင်လယ်ကိုတော့နှုတ်ဆက် ရမည်။သည်တိုင်း သည်ပြည်က ပင်လယ်ကို ဇုသွဲ့ နှုတ်ဆက် ရ တော့မည်။ သောင်ကမ်းစပ်ကနေ ခွာကာ မုန့်
ချိုး လိမ်လေးတွေလို ဆံပင်ကာလာ ရွှေဝါရောင်
လေးနှင့် ကပြားမလေးဆီ ဇုသွဲ့ ပုံမှန်ခြေလှမ်းဖြင့် လျှောက်သွား မိသည်။အနီးရောက်တော့ သူနှင့် ဇုသွဲ့ကြားက ဝိုင်ခွက်ကလေးတွေ ထိတိုက်သံတို့ လွင့်ပျံလာခဲ့သည့် အချိန်မှာတော့…။

Love + Love [Normal Fiction]Where stories live. Discover now