145

5.1K 1K 21
                                    

Unicode

“ဟွမ်ပေ့ချန်.. စကားပြောကြရအောင်..”

ရွှယ်ယို့ရှန်း အဆင်ပြေတာ သေချာသွားတော့မှ ရင်းဆုယဲ့က ဟွမ်ပေ့ချန်ဘက် လှည့်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့စိတ်ရင်းကို ဖော်ပြတဲ့အနေနဲ့ ဖိအားအရှိန်အဝါကို ပြန်လည်ရုတ်သိမ်းလိုက်တယ်။

“ကောင်းပြီ..”

ဟွမ်ပေ့ချန်လည်း ခဏတာငြိမ်းချမ်းရေးယူဖို့ လွယ်လင့်တကူ သဘောတူလာတယ်။

ရင်းဆုယဲ့ရင်ခွင်ထဲက မိစ္ဆာကောင်ကို တမဟုတ်ချင်း သုတ်သင်ပစ်လိုက်ချင်ပေမယ့် အချိန်ကောင်း လွတ်သွားခဲ့ပြီ။ အလစ်ဝင်တိုက်တာ မအောင်မြင်မှတော့ ရင်းဆုယဲ့ရဲ့ ကာကွယ်မှုအောက်မှာ ဒီမိစ္ဆာကောင်ကို သတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..!

ပြီးတော့လည်း မိစ္ဆာကောင်ရဲ့ ထူးဆန်းတဲ့ အခြေအနေကြောင့် နောက်တစ်ကြိမ် ထပ်မတိုက်ရဲသေးဘူး။ သူတို့နှစ်ဦးရဲ့ စကားတွေက သူ့ကို အတွေးများစေတယ်လေ။ အကြောင်းအရာတွေကို သေသေချာချာ မသိရသေးခင် အလောတကြီးမလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့တာကြောင့် ရင်းဆုယဲ့နဲ့ မိစ္ဆာကောင်တို့ စကားပြောနေတာကို ဒီအတိုင်း ရပ်ကြည့်နေခဲ့မိတယ်။

သူရဲ့မူလအစီအစဉ်အရ တော်ဝင်မြို့တော်ရောက်ရင် ရင်းဆုယဲ့နဲ့ သူ့ကြားက အထင်လွဲမှားမှုတွေကို ဖြေရှင်းဖို့ပဲ။ သူပြန်မွေးဖွားလာသလို သူတို့နှစ်ယောက်ကြားမှာ လူပိုတစ်ယောက် ပါလာပေမယ့် မူလအစီအစဉ်ကတော့ မပြောင်းလဲသေးဘူး။ အရင်ဘဝတုန်းက သေခါနီးအချိန်ရောက်မှ အရာအားလုံးကို နားလည်ခဲ့ရတာ။ သူက သူတစ်ပါးရဲ့ အသုံးချခံဖြစ်ခဲ့ရတယ်။ ရင်းဆုယဲ့နဲ့ သူ့ကြားက ပြဿနာတွေဆိုတာလည်း အမှောင်ထဲက လူတစ်စုရဲ့ ရင်းဆုယဲ့အပေါ် စွပ်စွဲချက်တွေချည်းပဲ။ သူတို့နှစ်ဦးကို သွေးကွဲအောင်လုပ်ပြီး တစ်စုံတစ်ရာကို ကြံစည်နေကြတာ။ အဲ့တာကြောင့် ရင်းဆုယဲ့နဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဟွမ်ပေ့ချန်က စွမ်းအားအကုန် ထုတ်မသုံးခဲ့ဘူး။ ရင်းဆုယဲ့က ‘စကားပြောရအောင်’လို့ ပြောလာတဲ့အချိန်မှာလည်း သဘောတူလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now