အိုလီဗာ(Arc -3.7)(end)

10.9K 872 23
                                    

<Unicode>
"ကို ဘာကိုပြောချင်တာလဲ"

"ငါ့ကိုမင်းတို့ကလိမ္မာတဲ့တူလေးတစ်ယောက်ဖြစ်မယ်ထင်နေတာလား အဟက် အာလုံးကိုငါဟန်ဆောင်ခဲ့တာ မင်းတို့အကြံစဉ်အားလုံးကိုသိလို့တမင်ဟန်ဆောင်ခဲ့တာ"

"မ မဖြစ်နိုင်တာ"

"အို ဖြစ်နိုင်လို့အခုဖြစ်ပီးပီလေ"

"ကို ကိုရယ် အဲ့တာကလေ ဦးလေးလူဝိစ့်ရဲ့အကြံတေပါ ကလိုဝီကကို့ကိုတကယ်ချစ် အ့!"

ဖြောင်းးး

"ငါ့ကိုအဲ့လိုရွံ့စရာကောင်းတဲ့အသုံးနှုန်းမျိုးမသုံးဖို့ပြောပီးပီလေ! လူလိုနားမလည်ဘူးလား"

"အဲ အဲဗရက် ကလိုဝီဘာမှမသိပါဘူး ကလိုဝီက ကို အဲဗရက်ကိုစတွေ့ထဲကချစ်မိသွားတာပါ"

"အော်..."

"အဲ့ဒါတေအကုန်လုံးက ဦးလေးလူဝိစ့်ကခိုင်းလို့ပါအဲဗရက်ရဲ့မိဘတေကိုသတ်တာလဲသူပါပဲ"

"အဟက် ငါ့မိဘတေအသတ်ခံရတယ်လို့ငါမပြောမိလိုက်ပါဘူး"

"ရှင်! အဲ့ အဲ့ဒါက အား!"

အဲဗရက်က ကလိုဝီရဲ့ဆံပင်ကနေဆောင့်ဆွဲကာနံရံနဲ့ခေါင်းနဲ့ဆောင့်ပစ်တော့သည်။

ဒုန်း...

"အား အဲဗရက် ကလိုဝီ တကယ်ဘာမှမသိပါဘူး"

ဒုန်း..

"အား လွှတ်"

ဒုန်း ဒုန်း ဒုန်း

အဆက်မပြတ်ခေါင်းအားနံရံနဲ့ဆောင့်နေတာကြောင့်ဘေးကရပ်ကြည့်နေတဲ့အိုလီဗာပင်ခေါင်းတေကြိမ်းလာသည်။အဲဗရက်လက်တေရပ်လိုက်တဲ့အခါမှာကလိုဝီရဲ့မျက်နှာဟာသွေးချင်းချင်းနီနေပီးဆံပင်ကိုလွှတ်ချလိုက်တဲ့အချိန်မှာအရုပ်ကြိုးလဲကျသွားတော့သည်။လဲကျသွားတဲ့ကလိုဝီအားလည်ပင်းကိုခြေထောက်ဖြင့်တက်နင်းလိုက်တော့...

"အစ် အ့ လွှတ် အဲဗရက် ကျမကိုမသတ် အစ် မသတ်ပါနဲ့"

"......"

"ကျမသေရင် အ့ ဦးလေးလူဝိစ့်ကငြိမ်နေမှာ အင့် မဟုတ်ဘူးနော်"

"အ ဟား ဟား မင်းနဲ့တိတ်တိတ်ပုန်းညားနေတဲ့ဦးလေးကအခုဆိုလက်ကောက်ဝတ်ပီးသံတိုင်ထဲရောက်နေလောက်ပီ"

Love System (Completed)Where stories live. Discover now