Part 38 (Uni+Zawgyi)

5.8K 218 10
                                    

Uni

"သားသား ​ရွှေဘုန်းပြည့်လျှံ (ခ) ကိုး
ရဲ့ ရက်၁၀၀ပြည့် "

သား​လေးရဲ့ရက် ၁၀၀ ပြည့်ကို မနက်ပိုင်း ​မောင်တို့ အမြဲကိုးကွယ်တဲ့ ဘုန်းကြီး​ကျောင်းမှာ အာရုံဆွမ်း ၊ ​နေ့ဆွမ်းနဲ့ ဘုန်းဘုန်း ​ဆောက်​နေတဲ့ ​ကျောင်းအတွက် သိန်း ၁၀၀ အလှူ​ငွေ ထည့်လိုက်သည် ။ သား​လေးအတွက် အသက်ရှည်ရာ အနာမဲ့​​ရေး ဆု​တောင်းပြီး ကုသိုလ်ပြု လိုက်၏ ။ ​မောင်က ​တော့ ​ခေတ် စိတ်ကြိုက်အားလုံး လုပ်ခွင့်​ပေးထားလို့ ​ခေတ် က သား ရက် ၁၀၀ ပြည့်ကို စိတ်ချမ်းချမ်းသာ သာ လုပ်လိုက်ရတယ် ။ ညပွဲ dinner က​တော့ ​မောင်တို့ ပိုင်တဲ့ hotel တစ်ခုမှာ လုပ်မယ်တဲ့ ။ အဲ့ဒါက​တော့ ​ခေတ် စိတ်ကြိုက်မဟုတ်ပါ ။ ​မောင့်စိတ်ကြိုက် လုပ်တာ ။ သူ့သားကို ပွဲထုတ်ချင်​နေတာ တအားမို့။ သား​လေးကလည်း ​ခေတ်ရဲ့ ​ကျွေး​မွေး ပြုစုမှု​တွေနဲ့ ဝဝကစ်ကစ် ချစ်စရာ​လေး ဖြစ်​နေပြီ။ ပြုံးပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်တတ်​နေပြီ။ ​ခေတ်ကံ​ကောင်းတာ တစ်ခု က သားက ဘယ်​တော့မှဂျီမကြတတ်ပါ ။ အဲ့ဒါ က ​မောင်နဲ့​​ကော ​ခေတ်နဲ့​ကော တူတာ ။ ​ခေတ်တို့နှစ်​ယောက်လုံးက ​အေး​အေး ​ဆေး ​ဆေး သမား​တွေမို့ ဂျီမကျတတ်ပါ ။ ဒါ ​ပေမယ့် ​ခေတ်နဲ့ ​မောင့်ကို တူရင်​တော့ စိတ်ဆိုးတတ်မှာ ​သေချာတယ် ။ ​ခေတ်ကော​မောင်​ကောက နှစ်​ယောက်လုံးစိတ်ဆိုးတတ်တယ်။ ဒါ​ပေမယ့် ​မောင်က ​ခေတ်ကို ​အမြဲ​ချော့ ​နေရတာမို့ စိတ်မဆိုးနိုင်ဘူး ။

"သား​ရေ ဒီကိုကြည့် "

​ခေတ်တို့မိသားစု ပုံ ကို မြတ်က​လေးက ရိုက်​ပေး​နေတာ ။ သားက ဒီ​နေ့ ဘုန်းကြီး​ကျောင်းမှာ ​ခေတ်တို့နှစ်​ယောက်နဲ့ဆင်တူ ပုဆိုး ​ငွေခဲ​ရောင်နဲ့ စတစ်လက်ရှည်အဖြူ ။ အဲဒါက​တော့ ​ခေတ်​တောင်မ
စဥ်းစားမိ တဲ့အချိန် တီတီ ရတု လာပို့သွားတာ ။ ညပွဲအတွက်ဝတ်စုံ​ကော မနက်ပွဲအတွက် ဝတ်စုံ​ကော ။ သားအဖ ၃​ယောက်သား ဆင်တူ ​တွေကြည့်ပဲ။ ​ခေတ်က သားကို ပဲအာရုံစိုက်ချင်လို့ အလုပ်ကို တစ်ပတ်တစ်ခါ အစည်းအ​ဝေး ​လောက်ပဲသွားတာ ။ အားလုံးရတု နဲ့ မဆုကို ပဲလွှဲထားပြီးသား ။

Forever Together  (Completed)Where stories live. Discover now