14

19K 2.9K 165
                                    


Unicode

"ဒါက ဘယ်သူ့ပိုင်နက်လဲ သိလို့လား ? မင်းတို့ လုပ်ရဲ......"

စုန်ကောက သူ့ရဲ့  ဘော့စ်ကို ကြွားလုံးမထုတ်မီ၊ ယွမ်မုန်က သူ့မျက်နှာတည့်တည့်ကို မြေပြင်ပေါ်သို့ ထိုးချလိုက်သည်။

"အာ!  မလုပ်နဲ့ မလုပ်ပါနဲ့! လက်တွေ ငါ့လက်တွေ ကျိုးတော့မယ်!"

စုန်ကော ​​အရမ်းနာကျင်လာတော့ အသနားမခံဘဲ မနေနိုင်တော့ပေ။ သူက ကြမ်းတမ်းသော မျက်နှာထားရှိသည်မှာ သိသာသော်လည်း အခုအချိန်တွင် ငုံးကောင်လေးလောက်တောင် မသာလွန်တော့ပေ။

နောက်ဆုံးတွင်ကားရဲ့ ရှေ့တံခါးပွင့်လာပြီး တိုက်ခိုက်ရေးစွမ်းအားမရှိတဲ့ ချင်ကျန်း ထွက်လာတော့သည်။

သူ လှည့်ပတ်ကြည့်လိုက်ပြီး သက်သေအဖြစ် ဒီမကောင်းတဲ့ အကောင်တွေရဲ့  ဓာတ်ပုံကိုရိုက်ပြီးနောက် ယွမ်မုန်နားသို့ကပ်လာကာ

"မုန်မုန်၊ မင်းကလူဆယ်ယောက်ကိုဒီလက်သီးနဲ့တင် ချနိုင်တာပဲ ၊မင်းအရည်အချင်းက တစ်ခါမှ မလျော့သွားဘူး..."

ချင်ကျန်း ယွမ်မုန်ရဲ့လက်ကောက်ဝတ်ပေါ်ရှိ ခြစ်ရာများကို သူမျက်လုံးထောင့်ကနေ မြင်သွားတော့ စ နေရင်းတန်းလန်းကနေ စိုးရိမ်သွားတော့သည်။ "မင်း နာနေလား? အဆင်ပြေရဲ့လား?"

"နည်းနည်းခြစ်မိသွားတာပါ၊ အဆင်ပြေပါတယ်"  ယွမ်မုန်က တည်တည်ကြည်ကြည်နဲ့ ကားဆီသို့ ပြန်သွားပြီး

"ခေါင်းဆောင် ၊ ဒုတိယသခင်လေးရှီ၊ ဒီလူတွေကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲ?"

လော့လင်းရှန်း မြေပြင်ပေါ်ရှိ လူဆိုးလူမိုက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူရဲ့ စူးစမ်းသည့်အကြည့်က ရှီယွင်နန်ဆီသို့ရောက်လာကာ  "အမှန် အတိုင်းပြော၊ မင်းသူတို့နဲ့ ဘယ်လိုပြဿနာတက်ခဲ့တာလဲ?"

"ကံမကောင်းတာပါဗျာ၊ ဒီနိုက်ကလပ်ပိုင်ရှင်က ကျွန်တော့်ကို ပစ်မှတ်ထားပြီး သူက ကျွန်တော့်ကို အတင်းပြန်ပေးဆွဲခိုင်းတာ"

ရှီယွင်နန်ရဲ့  မျက်လုံးများက ရွှံရှာမှုများဖြင့် ပြည့် လျှံနေပြီး သူ့အိပ်မက်ထဲမှာကြုံခဲ့ရတဲ့ မြင်ကွင်းက တစ်ဖန် ပြန်ပေါ်လာတော့သည်။ "ဒီနိုက်ကလပ်က ဥပဒေနဲ့ မကင်းတာတွေလုပ်နေတယ်၊ လူတွေကို ပြန်ပေးဆွဲပြီး s*x tapeနဲ့ ခြိမ်းခြောက်တယ်..."

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now