Chapter...16

31.2K 1.9K 51
                                    

မနက်အိပ်ရာထချိန်က နိူင်းအတွက်လုံးဝအ
ဆင်မပြေလှ....လှုပ်လို့မရအောင်ပင်ပန်းနွမ်း
နယ်လှတဲ့ကိုယ်လုံးလေးကို စိတ်အာရုံနိုးထ
ချိန် မျက်ခွံလေးများဖွင့်ချိန်မှာပင် ဘေးနားက
တစ်စုံတစ်ယောက်ကို ရှိနေဦးမလားဆိုတဲ့
စနိုးစနောက်စိတ်လေးနဲ့ အသာစောင်း၍
ကြည့်မိလေတော့ ကုတင်ပေါ်တွင် သူတစ်
ယောက်တည်းသာ....။

အဝတ်အစားတွေကို ပြန်ဝတ်ဆင်ပေးခဲ့တာမို့
အလိုက်သိသည်ဟုထင်လိုက်မိပေမဲ့ တစ်ချက်
အလှုပ်မှာတင် အောက်ပိုင်းတစ်နေရာက စူးခ
နဲ့ ထိရှပွန်းပဲ့လေတဲ့ နာကျင်မူခပ်ရဲ့ရဲ့ ခံစား
ချက်ကြောင့် ချက်ချင်းပင်မေတ္တာပို့မိလိုက်၏

အိပ်ရာပေါ်မှ ကုန်ရုမ်းထ၍ ထထိုင်လိုက်ပေမဲ့
အောက်ပိုင်းကနာကျင်မူကြောင့် ကောင်း
ကောင်းပင်မထိုင်နိင်ချေ။

ချီးပဲ! ဟိုလူယုတ်မာ အားကုန်စားသွားတာ..
နာလိုက်တာ...ကျွတ်....

စိတ်ထဲကကျိန်ဲဆဲရင်း ညည်းညူကာဖင်လေး
ကြွလျက်ထိုင်နေစဥ်မှာပင် တစ်နေ့တာရဲ့ဝတ္တ
ရားအရကူညီလုပ်ကိုင်ပေးမဲ့ အိမ်ကအလုပ်
သမားကောင်မလေးတွေက အခန်းထဲသို့ဝင်
ရန်တံခါးခေါက်နေကြ၏။

"သခင်လေး...ကျွန်မတို့ဝင်ခဲ့လို့ရမလား"

အခန်းတံခါးကို ဖြည်းဖြည်းချင်းသုံးချက်
လောက်ခေါက်လိုက်ပြီး အခန်းထဲဝင်၍သန့်
ရှင်းရေးနဲ့ နိူင်းအိပ်ရာထရင်အကုန်ပြင်ဆင်
ပေးဖို့အတွက်ခွင့်တောင်းခြင်းဖြစ်၏။

နိူင်းရဲ့ဘဝက လိုလေသေးမရှိတဲ့ရွှေမင်းသား
လေးတစ်ယောက်ဖြစ်သလို အိပ်ရာထသည့်
ကိစ္စလေးကိုတောင် အိမ်စေကောင်မလေး
များက လာနိူးပေးရတဲ့အထိ ဖြစ်ပြီး နိူင်းက
သူ့ကို လုပ်က်ိုင်ပေးတဲ့ အလုပ်သမားကောင်မ
လေးတွေကို အလုပ်သမားဝတ်စုံပုံစံတူကိုသာ
ဝတ်ဆင်ခိုင်းစေ၏။

သို့ပေမဲ့...

သူ သိမ်းဆည်းထားတဲ့ဘယ်အရာမဆိုကို
တော့ထိကိုင်တာမျိုး လက်လွတ်စပယ်ကိုင်
တွယ်ထိတွေ့တာမျိုးတော့လုံးဝခွင့်မပြု။

ဒါဟာ နိူင်းရဲ့အားလုံးအပေါ် သတွေမတိမ်းချ
မှတ်ထားတဲ့စည်းကမ်းပေပင်။ အေး ချိုး
ဖောက်ခဲ့ရင်လည်း ခွင့်မလွှတ်တတ်သလို သူ့စ
ကားတစ်ခွန်းကိုအမိန့်လိုနာခံစေတာမျိုးကိုမှ
သဘောကျသူဖြစ်ပြီး ခွန့်တုန့်ပြန်တာမျိုးကို
ရင်ထဲလှိုက်ဖိုရအောင်ကို ခံပြင်းမိတာမျိုးပင်
ဖြစ်၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now