အပိုင်း (၃၈)

13K 730 42
                                    


" မမ..မမ..အာ တောင်းပန်တယ်ဗျ ...ကျွန်တော်အခု ဘယ်ရောက်နေလဲ ဗျ"

လှလိုက်တဲ့မျက်ဝန်း၊ ထူထဲပြီးကော့ညွှတ်နေသော မျက်တောင် ၊ ခပ်ဖျော့ဖျော့ နှင်းဆီဖူး နမ်းခမ်းဖူးဖူးလေး၊ သာယာလိုက်တဲ့ အသံလေးကြောင့် ကျွန်တော်အသက်ကြီးမှ သတိလက်လွတ် ခြေမကိုင်မိလက်မကိုင်မိ။ ခံစားမူက ဘယ်လိုဖော်ပြရမလဲ မသိတော့၊ ကိုယ့်လူနာကို ပြန်ငေးနေမိတဲ့အဖြစ်၊ မရှိတော့ဘူး တစ်သက်လုံး ထိမ်းလာသမျှ သိက္ခာတွေ ၊ မာနကြီးတဲ့ ဆရာဝန်
ဒေါက်တာ တည်မြဲ ဆိုတဲ့ဂုဏ်ပုဒ်တွေ ကောင်ငယ်လေးရဲ့ မျက်တောင်ခတ်ခြင်းမှာ အတုန်းအရုန်း ကျရူံးကုန်ပြီ။ သိပ်လှတဲ့ သက်ရှိလူသားလေးအလား ဖြူဖျော့နေတာတောင် ထင်ပေါ်လှသော ရုပ်ရည်လေး။လိုချင်တယ် အပိုင်သိမ်းထားချင်သည်။ ချက်ချင်း အိမ်ခေါ်ပြီး ဗီရိုထဲ ထည့်ထားမယ် ၊ အချိန်တိုင်းအလှကြည့်ဖို့ ၊ ဒီလှပချောမောတဲ့ကောင်ငယ်လေးရဲ့ မျက်တောင်ခတ်ပုံကအစ အသေးစိတ်လိုက်ကြည့်ပြီး တစိမ်စိမ့်နှလုံးသားထဲကနေ မှတ်သားဖို့ ။

နှင်းဆီဖူးဖူးလေးအသွင် နူတ်ခမ်းလှလှလေးမှ ဖွင့်ဟလိုက်လို့ ထွက်ပေါ်လာတဲ့ အသံချိုချိုလေးက ကျွန်တော် အကြားအာရုံခံ နားစည်မှ တဆင့်နှလုံးသားဆီသို့ အချက်မှန်မှန် သတင်းပို့ရင် မင်းနှလုံးသားကိုတွေ့ပြီတဲ့။ အမြင်အာရုံမှားသလား လို့ ကျွန်တော်ရှေ့က သက်ရှိလူသားလေးကို ထိတွေ့ကြည့်ချင်စိတ်တွေ တဖွားဖွား။ ကိုယ့်အသက်အရွယ်က မြင်မြင်ချင်းအချစ်ကိုယုံကြည်ရတော့မလား ၊ ကိုယ်မင်းလေးကို မြင်မြင်ချင်း ချစ်ပါတယ်ပြောရအောင် ကလည်း Teenager အရွယ်မဟုတ်ခဲ့ပြန်ဘူး။ ချစ်တဲ့သူကို ချစ်လွန်းလို့ ရွှေကြုပ်လေးထဲ ထည့်သိမ်းချင်တယ်ဆိုတဲ့ ဝေါဟာရစကားစု ကို ကျွန်တော်နားလည်ပြီ။ ပြည်ပ ပညာတော်သင်သွားခဲ့တဲ့သက်တမ်း လေး၊ ငါးနှစ်ဆို မင်းလေးနှင့်က ကိုကြီးနဲ့ ကလေးအရွယ်။ အသက်ကြီးမှ အရှက်ကွဲကိန်း၊ နှလုံးသားက
လည်း ယိမ်းထိုးကခုန်နေတာ လက်ရှိအခြေအနေ နားလည်ဟန်မတူဘူး။ ဝုန်းဒိုင်းကျဲနေသော ကျွန်တော်ရင်ဘတ်ကို ကိုယ့်ကိုကိုယ် ချောင်းတစ်ချက်အသံပေးရင်း သတိကိုပြန်လည်အောင် ခက်ခက်ခဲခဲ ထိမ်းချုပ်နေရတယ်။ ထပ်ပြီး ယိမ်းကမနေပါနဲ့တော့ ငါ့နှလုံးသားရယ်။ပတ်ဝန်ကျင်းက အပစ်တင်တော့မယ် ပတ်ဝန်းကျင်ဆူညံ့မူ ဖြင့်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now