Chapter - 22 (Part 1)

432 73 0
                                    

Unicode

ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်တို့ရဲ့ကိစ္စက ဖြစ်ပြီးသွားတာ တစ်နှစ်ခွဲရှိ​ပြီ။ သူတို့နှစ်ယောက်က ဘယ်လိုပုံစံနဲ့ ဘယ်လိုတွေဆက်ဖြစ်သွားတယ်ဆိုတာကို အတိအကျမသိပေမယ့် ကျင်းရှန့်က ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့ကို သဘာဝကျကျနဲ့ ရှောင်နေတယ်။ ​ကျောင်းကုန်းဇီက​တော့ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့ကို သတင်းပို့ရတာ အရမ်းပျော်​နေတယ်။ ဥပမာအားဖြင့် - ဒီ​နေ့ ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်တို့က အရင်ပုံစံအတိုင်း ပြန်လည်ဖြစ်သွားခဲ့ကြပြီး မနက်ဖြန်ကျ​တော့ ကျင်းရှန့်နဲ့ ဗိုလ်မှူး​လေး​ဟောင်က ဖယောင်းတိုင်မီး​တွေထွန်းထားတဲ့ ညစာကို စား​သောက်ကြတယ်။ ပြီး​တော့ နောက်တစ်နေ့မှာ ဗိုလ်မှူး​လေး​ဟောင်က ကျင်းရှန့်ရဲ့တိုက်ခန်းကို ပြောင်းသွားပြီး အဲ့​နောက် မြို့ပြင်က ဖျော်ဖြေပွဲတစ်ခုအတွက် ကျင်းရှန့်​ရဲ့အနောက်ကို လိုက်သွားခဲ့တယ်, စသဖြင့်​ပေါ့။

ငါ နားမ​ထောင်ချင်ဘူး။

ဒါ​ပေမယ့်လည်း ငါ အဲ့လို​ပြောလိုက်လို့ မရဘူး။

ငါ နားမထောင်ချင်ပါဘူးဆိုတဲ့ အရိပ်အမြွက်စကား​လေးက ငါ့ပါးစပ်က​နေ လွှတ်ခနဲထွက်သွားရင်​တောင် ​ကျောင်းကုန်းဇီက အေးစက်စက်ရယ်​မောပြီး "မင်းမှာ သတ္တိရှိတယ်ဆိုရင် သူ့ဆီသွားလို့ရပြီ" လို့ အေးတိအေးစက်နဲ့ ပြောလိမ့်မယ်။

ငါက သူ့အကြုံပြုစကားအတိုင်း အပြင်ထွက်ဖို့ မတ်တပ်ထရပ်လိုက်ရင် ​ကျောင်းကုန်းဇီက ငါ့ကို ဆိုဖာပေါ် ပြန်ဆွဲချပြီး "ကျူးရိရှင်, မင်းက လူယုတ်မာပဲ! ဒီနေ့ ငါ မင်းကို မဆုံးမဘူးဆိုရင် ​လောင်ဇီက ​လောင်ဇီရဲ့ နောက်ဆုံးနာမည်စာလုံးကို မင်းနာမည်ပြောင်းပစ်လိုက်မယ်!"

ဖြစ်လာမယ့်ဟာ​တွေကို ဘာလို့​သေချာ​နေလဲလို့ ငါ့ကို မ​မေးနဲ့။ ​ကျောင်း​လောင်က ဆိုဖာအစွပ်တွေကို ​လျှော်​​ပေးဖို့ သဘောတူညီခဲ့တယ်​။

ညသန်းခေါင်မှာ ငါ အမှတ်တမဲ့နိုးလာပြီး ​ရေတစ်ခွက်​သောက်ဖို့ ဧည့်ခန်းထဲကို သွားလိုက်တယ်။ ငါ ​ရေ​သောက်ပြီးတာနဲ့ တယ်လီဖုန်းက ထမြည်လာတယ်။ ပထမတော့ ဒါက ​ကျောင်းကုန်းဇီအတွက်လို့ထင်ခဲ့ပေမယ့် ငါ ကောက်ကိုင်လိုက်တဲ့အခါမှာတော့ အဲ့ဒါက ငါနဲ့ စကား​ပြောချင်​နေတဲ့, ငါ့ရဲ့ ငယ်ငယ်ရွယ်ရွယ် လုပ်ဖော်ကိုင်ဖက် ချောချောလေးတစ်ယောက်ဖြစ်​နေတယ်​လေ။

Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now