၃၂

4.5K 746 26
                                    


အပိုင်း ၃၂ အကယ်ဒမီသိပ္ပံတွင် လည်ပတ်ခြင်း

ကားပျံက အလွန်မြန်သည်။ ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင် ယွမ့်ထန်းက အကယ်ဒမီသိပ္ပံ၏အရှေ့သို့ သူ၏လတ်ကေ့နှင့်အတူ ရောက်သွားသည်။

အကယ်ဒမီ၏ လိုဂိုရှိရာနေရာက သိပ္ပံဥယျာဉ်နှင့်ပင်တူနေသေး၏။ ထိုနေရာက အလွန်ကြီးပြီး မိုးထိုးနေသောနံရံကြီးများဖြင့် အပြည့်ကာထားသည်။ သို့သော် အထဲတွင်ရှိနေကာ ပို၍ပင်မြင့်မားလှသည့်အဆောက်အဦးများကိုမူ အပြည့်ပိတ်ထားနိုင်စွမ်းမရှိပေ။ တံခါးတွင် တံခါးစောင့်များမရှိပေ။ သို့သော် ဥာဏ်ရည်မြင့် စက်တစ်ခုရှိ၏။ သူ၏လက်ဖဝါးကို ထိုစက်ပေါ်တွင်တင်ကာ စကန်ဖတ်လိုက်ရုံမျှဖြင့် တစ်ဖက်က အလိုအလျောက်သူ၏ကိုယ်ရေးကိုယ်တာအချက်အလက်အားလုံးကို အတည်ပြုပေးမည်ဖြစ်သည်။

“ကိုယ်ရေးအချက်အလက်အတည်ပြုခြင်းအောင်မြင်ပါပြီ…ကြိုတင်ချိန်းဆိုထားခြင်း အတည်ပြုခြင်းအောင်မြင်ပါပြီ…ကြိုဆိုပါတယ်လူကြီးမင်းယွမ့် ကျေးဇူးပြုပြီး တခနလောက်စောင့်ပေးပါ”

ဖန်သားပြင်က နှစ်ချက်ခန့်လင်းလက်ပြီးသည့်နောက်တွင် အတည်ပြုကြောင်းပြောပြလာသည်။ ထို့နောက်တံခါးက ခြိမ်းကနဲမြည်သံနှင့်အတူ ပွင့်သွား၏။

ယွမ့်ထန်း ဦးစွာမြင်လိုက်ရသည်မှာ သေသပ်စွာဖြင့် ရှိနေသော မြက်ခင်းပြင်ကျယ်ဖြစ်၏။ ရွှန်းဆိုနေပြီး အစိမ်းရောင်သန်းကာ နူးညံ့နေမည့်ပုံလည်းရသည်။ ယွမ့်ထန်းက ထိုနေရာတွင် နှစ်မိနစ်ခန့်စောင့်ပြီးနောက်တွင် ဘယ်ဘက်ခြင်းမှ အင်ဂျင်စက်သံကိုကြားလိုက်ရသည်။

ဟော်ယွန်ချန်း၏ငွေရောင်ကားပျံနှင့်လုံး၀ကွဲထွက်နေသော ကားပျံတစ်စီးဖြစ်သည်။ သွေးနီရောင်သန်းသော ရက်ထရွန်စတိုင်ကားပြိုင်ဖြစ်၏။ ကိုယ်ထည်က အရောင်တောက်တောက် မှုတ်ထားသည်။ ယွမ့်ထန်းအနေဖြင့် သူ နေရာမှားလာသည်ဟုပင် ထင်မိသွား၏။ မည်သို့ပင်ကြည့်စေကာမူ ပုဂ္ဂိုလ်ရေးအရ ခံစားချက်အရပြောရမည်ဆိုလျှင် ထိုကားပျံက ယခုကဲ့သို့အေးစက်သော အကယ်ဒမီသိပ္ပံလိုနေရာမျိုးတွင် မရှိသင့်ဟု ယူဆ၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now