အပိုင်း(၃၉)

12.7K 827 43
                                    

" အစ်ကို..."

"အင်း မောင်...အဆင်ပြေခဲ့လား ၊ ကောင်းပြည့်သတင်း ထူးခြားပြီလား "

ညိုးငယ်စွာ ခေါင်းရမ်းဖြေရင်း ကျွန်တော်ရင်ခွင်ထဲ ဝင်လာသော အမျိုးကောင်းသားလေး မောင်။ သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးနေပြီ သိရကတည်းက စိတ်ရော၊ လူရော နှစ်ပြီး စွမ်းစွမ်းတမံရှာဖွေပါသော်လည်း သတင်းအစအနမှ ပြန်မရခဲ့။ ကိုယ်ကို သိပ်အားနာနေပုံရတယ် တခါတလေ မောင် က ကျွန်တော်ကို အမြဲတောင်းပန်နေရှာတယ်။ အိမ်ဦးထောင်ဦးစီး တာဝန်ပျက်ကွက်ခဲ့တဲ့ သူနှင့်ဘကျွန်တော် အိမ်ထောင်ရေးအတွက် မောင်က အားနာနေခဲ့တယ်။ မိသားစုအရေးထက် ပျောက်ဆုံးနေသော သူငယ်ချင်း/ညီအစ်ကို အတွက်အချိန်ပေး ၊ ငွေကုန်ခံ လိုက်ရှာနေမူအပေါ် မောင်က ကျွန်တော်ကို အားနာနေတယ်။ ကိုယ်နားလည်တယ်မောင် ၊ ကိုယ်နားလည်ပေးနိုင်တဲ့ အရာမို့ မောင်ကို ကိုယ်ကိုတိုင် နောက်ကနေ အားပေးခဲ့တာပေါ့။ သူနဲ့ကိုယ် မျိုးတူလက်ထပ်ထားတဲ့အိမ်ထောင်ရေးမှာ ဘယ်သူကအိမ်ထောင်ဦးလည်းမမေးနှင့် သူပြိုင်ကိုယ်ပြိုင်အတူ လှမ်းတက်မှာမို့ မိသားစုအတွက် မောင်စိတ်မအေးမဖြစ်ပါနဲ့။ ကိုယ်က အမြဲချစ်ပြီး နားလည်ပေးနေမှာပါ မောင်ရယ်။

"ကျွန်တော်...လက်မလျော့ချင်သေးဘူး အစ်ကို၊ အလုပ်တွေလည်း ပိုလုပ်ပါ့မယ်၊ အစ်ကိုကို့
လည်းစိတ်ချမ်းသာအောင်ထားပါ့မယ်....မောင်ကိုနားလည်ပေးပါအုံး အစ်ကို"

"ရတာပေါ့..မောင်ရ...သိပ်ရတာပေါ့၊ ကိုယ်ကိုကြည့် ကိုယ်က ယောကျာ်လေးလေ ကိုယ်ချစ်တဲ့သူကို ဘာနေနေ ချစ်ပြီသားပဲ၊ မောင်အလုပ်လုပ်စရာမလိုဘူး ကိုယ်အလုပ်လုပ်နေတာနဲ့တင် ကိုယ်တို့နှစ်ယောက် ကမ္ဘာလှည့်ခရီးစဉ်ထွက်လို့ရတယ်၊ ငွေကြေးကအဓိက မဟုတ်ဘူးမောင်၊ကိုယ်ချစ်တဲ့သူ ပျော်ရွှင်ဖို့ကအဓိကပါမောင်ရယ်။ ကိုယ်ကိုအားနာစရာမလို ဘူးမောင်၊ ကိုယ်တို့က အိမ်ထောင်ဖက်တွေလေ မောင်ရ ...အားမနာရဘူး၊ မတောင်းပန်ရဘူး ။ တစ်ယောက်ကို တစ်ယောက် ချစ်ပေးဖို့ပဲ လိုတာပါကွာ....လာပါအုံး ပင်ပမ်းလာတဲ့ ကိုယ့်အမျိုးသားလေး ....အ့...ဟ"

အိမ်ထောင်ရေးတစ်ခုမှာ သူကအိမ်ထောင်ဦးစီးမို့၊ ကိုယ်ကပိုချစ်ရသူမို့၊ ကိုယ်ကဘာ၊ သူကဘာဆိုတဲ့ အမည်အမျိုးမျိုးခေါင်းစဉ်တပ်ရင်း မောင်နှင့်ကိုယ့် ကြားက ချစ်ခြင်းမေတ္တာတွေ မပျက်စီးမခံနိုင်ဘူး။ မောင် ဘာဖြစ်ချင်လဲ၊ မောင် ဘာလိုအပ်လဲဆိုတာပဲ ကိုယ်အမြဲတွေးပြီး ဘယ်လိုပံ့ပိုးပေးရမလဲ ဆိုတာပဲ ကိုယ်သိတာ။ ကိုယ့်ချစ်တဲ့သူအပေါ်မှာ မူတည်နေတဲ့ကိုယ်ချစ်ခြင်းက ငါအတွက် ၊ ငါတစ်ယောက်တည်းပဲ ကြည့်ပြီး နေရမယ်ဆိုတဲ့ အတ္တကင်းတယ် မောင်၊ မျိုးတူအမျိုးသားနှစ်ယောက်ပေါင်းဖက်ထားကြတဲ့ ကိုယ်တို့အိမ်ထောင်ရေးကို ကိုယ်က ဘယ်နည်းမှ ၊ဘာမှ အဖြစ်မခံနိုင်ဘူး။ မောင်အတွက်ဆို ပေးဆပ်ချစ်လည်းဖြစ်တယ်၊ ရယူလိုစိတ်လည်း ဖြစ်တယ်၊ တပ်မက်စိတ်ကလည်း မောင်နှင့်မှ၊ လိင်ကိစ္စမှာသူအပေါ် ၊ ငါအောက်ဆိုတာ ထက် မောင် ဘယ်လိုပုံစံမျိူး နေချင်လည်း ဆိုတာ ကိုယ်အတွက်အရေးကြီးတယ်။ မောင်အတွက် ဘယ်လိုပုံစံမျိုးက မောင်ပြီးပြည့်စုံခြင်း ရသကို ခံစားစေနိုင်သလဲဆိုတာပဲ ကိုယ်သိတယ်မောင်။ ပြောပြလို့မရတဲ့ထိ ကိုယ်က ချစ်တာ ၊ ကောင်းပြည့်လေးကိစ္စနဲ့ပတ်သတ် ပြီး မောင် ဘယ်လိုရှာချင်လဲ၊ ကိုယ် ဘယ်လိုအင်အားဖြည့်ပြီး ကူညီပေးရမလဲ။ မောင်အိမ်ပြန်ပြုံးပျော် လာမယ့်မျက်နှာလေး ကိုယ်က မြင်ချင်တာမောင်ရဲ့ ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now