Chapter...17

32K 1.8K 76
                                    

မျက်နှာချင်းဆိုင် ဆုံမိနေပါရဲ့နဲ့ မျက်လုံးချင်း
တောင်ဆုံကြည့်ဖို့ ရင်မဆိုင်ခဲ့တဲ့ လူယုတ်မာ
ကို နိူင်း နာနာကျင်ကျင်နဲ့ ဒေါသထွက်ရ၏။

ညကတောင် နိူင်းကိုအသေဖက်တွယ်ထားပြီး
မလွှတ်စတမ်းပြုမူဆက်ဆံခဲ့သည့်သူက မ
နက်မိုးအလင်းမှာပင် ကွယ်ပျောက်သွားတဲ့
နှင်းစက်တွေလို ခပ်စိမ်းစိမ်းမျက်ဝန်းအကြည့်
တွေနဲ့ထပ်မံအကြည့်ခံရပြီး ဘာမှမသက်ဆိုင်
မဆက်နွယ်တဲ့သူလို သဘောထားဆက်ဆံပစ်
လိုက်တာက ရင်အနာဆုံးပင်။

အနည်းဆုံး နိူင်းကို ဂရုပြုမိတဲ့ဟန်ပန်ကိုတော့
ပြဖို့တော့ကောင်းပါရဲ့ ။

အခုတော့.....

တောက်! မင်းကိုငါမုန်းလိုက်တာ....

ငါ့မာနကို ချိုးနှိမ့်သွားရလို့ သိပ်ပျော်နေမှာပေါ့
တည်စေရာမိုင်...ငါ့ရဲ့ပထမဆုံးကိုယူငင်သွား
ရလို့သိပ်ပြီးသဘောခွေ့နေမှာပေါ့..မင်းရဲ့ဆက်ဆံတဲ့အပြုအမူတိုင်းက မုန်းချင်စရာသိပ်
ကိုကောင်းနေတယ်ဆိုတာကောမင်းသိလား။

မုန်းတယ်....သိပ်ကိုမုန်းတယ်...နာနာကျင်ကျင်နဲ့ကိုမုန်းတယ်...။

"နိူင်း....အစားအစာကို ဘယ်လိုတွေလုပ်နေ
တာလဲ....မစားချင်ရင်ထသွားတော့"

မေမေက နိူင်းရဲ့ စိတ်တိုတိုနဲ့ မနက်စာကိုထိုး
ဆွနေတာကို မြင်ပြီး ပြောလေ၏။

မနက်စာလည်းမြိုကျဖို့ပင်မရှိတာမို့ နိူင်း ထိုင်
နေရာမှထကာ ထမင်းစားခန်းက ထွက်လာ
ကာဧည့်ခန်းထဲအရောက်မှာတော့ အစ်မလတ်
နဲ့စကားရပ်ပြောနေတဲ့ တည်စေရာမိုင် ကိုတွေ့
လိုက်ရ၏။

သူနဲ့မလှမ်းမကမ်းအကွာအဝေးမှာရောက်နေ
ပေမဲ့ အစ်မလတ်ကိုပဲ ရွှင်မြူးတတ်ကြွစွာ
ရယ်မော၍စကားတွေပြောနေကာ မျက်ဝန်း
အကြည့်တွေကလည်း အစ်မလတ်ဆီမှာပင်။

ဘာတွေများ ရယ်စရာပါနေလို့ဒီလောက်အူ
မြူးနေကြတာလဲ...အစ်မလတ်ကဘာလို့သူ့ကိုမှအရေးပေးစကားပြောနေရတာ သူ့အဆင့်
နဲ့ကိုယ့်အဆင့်လုံးဝကို ယှဥ်ရပ်စကားပြောဖို့
တောင်မသင့်ဘူး..။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now