ဟွာယောင်း(Arc -4)

10.6K 751 11
                                    

<Unicode>
(mission ကဇာတ်လိုက်ကိုမချစ်မိစေရန်နဲ့ဇာတ်လိုက်မကိုလက်စားချေရန်ပါ)

(ဟုတ်ပီ)

......

*ဟွာယောင်းလို့ပဲသုံးပါတော့မယ်*

နောက်တနေ့မှာဟွာယောင်းလဲစန္ဒရားသင်ရန်ဇာတ်လိုက်တို့အိမ်သို့ထွက်လာလိုက်သည်။

"ဟွာယောင်း ရောက်ပီလား ဘာသောက်မလဲ"

"ရပါတယ် စီနီယာ မသောက်တော့ပါဘူး ဟို စီနီယာရဲ့သားလေးရော"

"အပေါ်ထပ်အခန်းမှာ လှေကားကနေနက်သွားပီးညာဘက်ကအခန်းပဲ"

"ကျေးဇူးပါ"

ဂျီမင်းညွှန်ပြတဲ့အတိုင်းတက်လာလိုက်ကာအခန်းတံခါးကိုဆွဲဖွင့်လိုက်တော့အနက်ရောင်အသုံးအဆောင်များဖြင့်ပြည့်နက်နေသည့်အခန်းကျယ်ကြီးကိုတွေ့လိုက်ရသည်။

"ဘယ်သူမှလဲမရှိဘူး"

ဟွာယောင်းလဲဟိုရှာဒီရှာလုပ်နေတုန်းရေချိုးခန်းဘက်မှအသက်ကြားတာကြောင့်လှည့်ကြည့်လိုက်မိတော့...

"အား! sorry အကိုမရည်ရွယ်လိုက်ပါဘူး"

ရေချိုးခန်းထဲမှထွက်လာတဲ့ကောင်လေးကဘာအဝတ်စားမှမပါပဲဒီတိုင်းထွက်လာတာကြောင့်ဟွာယောင်းလန့်ဖြန့်ကာမျက်နှာကိုလက်ဖြင့်ကွယ်လိုက်သည်။

"အ အဝတ်အရင်ဝတ်လိုက်နော်"

ခနအကြာ..

"ပီးပီလား"

"အင်း"

ဟွာယောင်းလှည့်ကြည့်လိုက်တော့သူ့ကိုမျက်တောင်မခတ်ကြည့်နေတဲ့ကောင်လေးကြောင့်အနည်းငယ်တွန့်သွာသည်။

"အကို့နာမည်ကဟွာယောင်း မင်းကိုစန္ဒရားသင်ပေးမယ့်ဆရာ"

"ကျနော်ကဂွမ်ဝူ"

"အင်းဂွမ်ဝူ သင်တန်းစရအောင်ဘယ်မှာသင်ရမှာလဲ"

"လာ"

သူ့လက်ကိုဆွဲကာအခန်းတံခါးတစ်ခုကိုဆွဲဖွင့်လိုက်သည်။ထိုအခန်းထဲတွင်စန္ဒရားတစ်လုံးနဲ့ဆိုဖာတစ်လုံးရယ်ပန်းအိုးတင်ထားတဲ့စားပွဲတစ်လုံးရယ်သာရှိသည်။​ဘေးချင်းယှဉ်ရပ်မှအရပ်တိုင်းကြည့်မိတော်ထိုကောင်လေးကသူ့ထက်ခေါင်းတစ်လုံးလောက်သာပုနေတာကြောင့်နှာခေါင်းရှုံ့လိုက်မိသည်။ဂွမ်ဝူကအခန်းထဲအရင်ဝင်ပီးစန္ဒရားရှေ့ကခုံတွင်ဝင်ထိုင်တာကြောင့်ဟွာယောင်းပါလိုက်ဝင်သွားလိုက်သည်။

Love System (Completed)Where stories live. Discover now