ဟွာယောင်း(Arc -4.3)

10.3K 834 14
                                    

<Unicode>
"ဟင့် ဟုတ်တယ်!မင်းအဖေကငါ့ကိုအရွေးတာကံကောင်းတယ်!အင့် မင်းအဖေသာငါ့ကိုရွေးချယ်ခဲ့ရင် မင်းတောင်ထွက်မလာဘူး မှန်တယ်!ငါ့လိုယောက်ျားတစ်ယောက်ကိုသူမရွေးချယ်ခဲ့လို့ အခုလိုပျော်ရွှင်တဲ့မိသားစုလေးဖန်တီးနိုင်တာ စိတ်ချမင်းအဖေကိုငါကစိတ်ကူးထဲတောင်မရှိဘူး ငါ့ကိုမင်းတို့ရဲ့သာယာတဲ့မိသားစုလေးကိုဖျက်စီးမဲ့ကောင်လို့ထင်နေရင်ဒီနေ့ကစပီးမင်းတို့ရှေ့ကိုပေါ်မလာစေရဘူး ကတိပေးတယ် အီးးဟီးး"

"အသက်!"

ဟွာယောင်းလဲပြောချင်ရာပြောပီးဆိုင်ထဲကပြေးထွက်သွားတော့သည်။

"အူးးဝါးး ယောက်ျားတေမကောင်းဘူး ဗြဲ:::"

အော်ငိုကာထွက်ပြေးနေတဲ့ကောင်လေးကိုဂွမ်ဝူနောက်မှပမှီပြေးလိုက်ကာဆွဲဖက်ပစ်လိုက်သည်။

"အသက်!ဘာလို့ထွက်ပြေးတာလဲကွာ"

"ဖယ်!လွှတ် ငါ့အသားကိုမထိနဲ့ ဟင့် ငါ့ကိုရွံတယ်မလား လာမထိနဲ့"

"ကျုပ်အဲ့လိုပြောမိလို့လားဗျာ"

"မင်းပြောတာအဲ့အဓိပ္ပါယ်ပဲလေ ဟင် ငါ့ကိုသူများယောက်ျားကိုကြောင်တောင်နှိူက်မယ့်ကောင်လို့ထင်နေတာမလား အီးးဟီးး"

သူတို့ရောက်နေတာလမ်းခေါင်ခေါင်မှာဖြစ်နေပီးလူလဲရှုပ်နေတာကြောင့်သူတို့နှစ်ဦးအားကွက်ကြည့်ကွက်ကြည့်လုပ်နေပေမယ့်မရှက်နိုင်ပါ။ချစ်ရသူကဒီလိုစကားမျိုးပြောထွက်သည်ကိုသူမခံစားနိုင်။

"အသက်ရာ ကျုပ်ပြောနေတာတေက ကျုပ်အဖေအတွက်ပြေနေတယ်ထင်လို့လား"

"ဘာလဲ မဟုတ်ဘူးလား!"

"မဟုတ်ဘူး ကျုပ်ပြောနေတာတေအားလုံးကကျုပ်အတွက်ဗျ ကျုပ်ခဗျားကိုဒယ်ဒီလက်ထဲမထည့်ပေးနိုင်ဘူး ခဗျားကကျုပ်အတွက်ပဲ ခဗျားကကျုပ်အပိုင် ကြားလား ခဗျားရဲ့"

"ဒါဆို ခုနကမင်းအဖေငါ့ကိုမရွေးတာကံကောင်းတယ်ဆိုတာကရော ဟင့်"

"ဟုတ်တယ်လေ ဒယ်ဒီသာခဗျားကိုရွေးလိုက်ရင်ကျုပ်ခဗျားကိုဘယ်ပိုင်ဆိုင်နိုင်တော့မလဲ ခဗျားနဲ့ဘယ်တွေ့ပါတော့မလဲ ကျုပ်လေခဗျားကိုအရမ်းချစ်တယ် ကြားလား အသက် ကျုပ်အသက်ကိုအရမ်းချစ်တယ်လို့!"

Love System (Completed)Where stories live. Discover now