ရှားမစ်(Arc -5.1)

9.1K 765 2
                                    

<Unicode>
"ခဗျားကသွားပီးရင်ပြန်လာရအုံးမှာအန္တရာယ်ပိုများတယ် အတူသွားပီးအဲ့အခန်းမှာပဲခိုလုံလို့ရတယ်လေ အတူသွားရအောင်နော်"

"ဟုတ်ပီ ဒါဆိုကိုယ့်နောက်မှာပဲနေနော်"

"ဟုတ်"

"ဓာတ်လှေကားသုံးဖို့အန္တရာယ်များတယ် ရိုးရိုးလှေကားပဲသုံးကြမယ် ကိုယ်ပြောချင်တာနားလည်တယ်မလား"

"နားလည်တယ်"

ဓာတ်လှေကားသုံးရင်ကိုယ်သွားမဲ့အထပ်ရောက်လို့တံခါးပွင့်တဲ့အခါzombieတေရှိနေခဲ့ရင်တံခါးကချက်ချင်းပြန်ပိတ်ဖို့မလွယ်တာကြောင့်ပင်။

ခွန်းထစ်က ကလေးမလေးအားကုန်းပိုးလိုက်ကာသူ့လက်ကိုဆွဲထားသည်။

"ကလေးကို ခဗျားကုန်းပိုးလို့အဆင်ပြေရဲ့လား ကျနော်ပဲ..."

"ကိုယ်အဆင်ပြေတယ် အသက်သာကိုယ့်နောက်မှာပဲနေဟုတ်ပီလား"

"အင်း"

ခွန်းထစ်ကာတံခါးကိုအသာလေးဟလိုက်ကာအပြင်ဘက်ကိုအကဲခတ်လိုက်သည်။တံခါးနဲ့ခပ်လှမ်းလှမ်းမှာzombieသုံးကောင်ရှိနေပီးလှေကားနားတွင်တော့ရှင်းလင်းနေသည်။

"ထုရိုက်လို့ရမယ့်ဟာလေးတစ်ခုခုလောက်ရှာပါလားအးက်"

"ဟုတ်"

ထိုအခန်းထဲတွင်ဝေ့ဝိုက်ရှာကြည့်တော့ဂေါက်ရိုက်တံတေထည့်ထားတဲ့အိတ်တစ်လုံးကိုတွေ့တာကြောင့်သူတစ်ကြောင်းယူကာခွန်းထစ်ကိုပါတစ်ချောင်းပေးလိုက်သည်။

"အဆင်သင့်ဖြစ်ပီလား"

"အင်း"

အခန်းတံခါးကိုဖွင့်ကာခြေသံကိုဖွဖွနင်းပီးအပြင်ကိုထွက်လိုက်သည်။ထို့နောက်လှေကားနားကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပီးတက်ရန်အလုပ်လှေကားထိပ်တွင်zombieတစ်ကောင်ကိုတွေ့လိုက်ရသည်။

"အသက် ကိုယ်အချက်ပြတာနဲ့ပြေးကြားလား"

"ဟုတ်"

zombieကောင်ကသူတို့ကိုကျောပေးထားတာမို့သတိမထားမိတာမို့အခွင့်ကောင်းယူကာခွန်းထစ်ကချဉ်းကပ်သွားလိုက်ပီးနောက်ကနေဂေါက်ရိုက်တံနဲ့လွဲလိုက်တော့ဘုတ်ခနဲလဲကျသွားတော့သည်။

Love System (Completed)Where stories live. Discover now