Part (4) Uni/Zawgyi

27.3K 796 35
                                    

ပြန်လိုချင်တယ်

အပိုင်း (4)

"မင်္ဂလာပါ မမသက် "

ခင်သက်တင်သည် ဆိုင်ဖွင့်ချိန်ထက်မိနစ်ပိုင်းမျှစော၍ရောက်နေသောကြောင့် မနက်စောစောဆိုင်ဖွင့်ဖို့တာဝန်ပေးထားသော ကောင်းခန့်က ဆိုင်သော့ဖွင့်ရင်းနှုတ်ဆက်လိုက်ပါသည်။ ခင်သက်ကတော့ ခေါင်းတစ်ချက်ညိတ်ပြီးသာပြန်နှုတ်ဆက်သောကြောင့် ဒီနေ့ခင်သက်တင်စိတ်မကြည်ဘူးဆိုတာ ကောင်းခန့်ရိပ်မိလိုက်ပါသည်။

ဆိုင်တံခါးဖွင့်ပြီးလျှင်ပြီးချင်း ခင်သက်ကဆိုင်ထဲသို့ခပ်မြန်မြန်ဝင်သွားလိုက်ပါသည်။ ထို့နောက်သူမ၏ရုံးခန်းထဲ၌ ကိုင်လာသော လက်ကိုင်အိတ်အမဲရောင်အားအလုပ်စားပွဲပေါ်သို့တင်လိုက်ပြီး သူမဝတ်လာသောအပေါ်ဝတ်တံတောင်ဆစ်အထိသာဖုံးသော ကုပ်အင်္ကျီအနက်ရောင်ခါးတိုလေးကိုချွတ်ပြီး ဆုံလည်ကုလားထိုင်ပေါ်သို့တင်လိုက်သည်။

ရုံးခန်း၏ထောင့်ဘက်မှာရှိသော စက်ခုံမှာဝင်ထိုင်လိုက်၍ အပြီးမသတ်ရသေးသောDress ကိုစိတ်ပါလက်ပါနဲ့အားကျိုးမာန်တက်ချုပ်နေသည်။

ထိုအချိန်မှရောက်လာကြသောအခြားဝန်ထမ်းများက ဆိုင်ရှေ့ကခင်သက်တင်၏ကားကိုမြင်ကတည်းက ဆိုင်ထဲသို့ခပ်သုတ်သုတ်ပြေးဝင်လာကြသည်။

ခင်သက်ဟာသူမစိတ်မကြည်လို့ဟူ၍ ဝန်ထမ်းများအပေါ်အလုပ်တွေဖိခိုင်းတာ ရစ်တာတွေမရှိပေမဲ့ သူမကိုယ်တိုင်ကတော့စိတ်မကြည်တိုင်း၊ သူမစိတ်ညစ်တိုင်းအလုပ်တွေအတင်းဖိလုပ်လေ့ရှိပါသည်။ ကျောင်းသူဘဝကတည်းက စိတ်အလိုမကျတိုင်းစာတွေဖိကျက်လေ့ရှိပြီး အခုလိုအလုပ်ခွင်ထဲဝင်လာတော့ဒီအကျင့်ကပါလာသည်။ ထို့ကြောင့်သူငယ်ချင်းများဟာ ခင်သက်ကို "အလုပ်သရဲ" ဟူ၍စနောက်လေ့ရှိကြသည်။

ဒေါက် ဒေါက်

ခင်သက် စက်ကိုနင်းပြီးတဂျောက်ဂျောက်ချုပ်နေ၍ တံခါးခေါက်သံကြားသော်လည်းလှည့်မကြည့်ဖြစ်။

"မမသက် မနက်စာဝယ်ပေးရဦးမလား"

ပန်းအိက ရုံးခန်းတံခါးဝကနေလှမ်းမေးပါသည်။ ခင်သက်လည်းစက်ချုပ်နေတာကိုလုံးဝရပ်မသွားစေဘဲ

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now