အပိုင်း(၄၀)

15.3K 861 51
                                    

*** ကိုယ့်မိုက်မဲကြောင့်၊ သားကို သားမှန်းသိရက် ခေါ်ရခက်ခဲ့ပြီ***

" အပါး....သားပြောစရာရှိတယ်"

"အေးပြောလေ သားကြီး ၊ မင်းမားမား ကျန်းမာရေး ပြသနာ ထူးခြားလာလို့လား သားကြီး "

"မဟုတ်ဘူးအပါး...ညီငယ်လေးကို မွေးစားထားတာ အန်ကယ်ကျော်သက် အပါး၊ သားနဲ့ စေ့စပ်ပြီးနယ်ပြောင်းသွားတဲ့ ဒေါက်တာ ဧကရီကျော်သက် တို့အိမ်မှာ ညီငယ်လေးတို့သားအဖ ရှိနေတယ်အပါး "

"ဟေ....ထူးဆန်းတဲ့ရေစက်ပါလား သားကြီး ၊ ဒီကိစ္စ သားငယ်သိလား "

"မသိလောက်ဘူးအပါး ကျွန်တော်လူယုံတချို့လွတ်ပြီး သတင်းကြားမိတာ အန်ကယ်တို့သားအဖက ညီလေးတို့ကို မွေးစားထားတယ်၊ သူတို့နဲ့ပဲ အတူနေနေကြတာ အပါးမြေးလေး ၃နှစ်လောက်ထိ၊ ခုတော့ အန်ကယ်အလုပ်လုပ်တဲ့ ရုံးမှာပဲ ညီငယ်လေးက အလုပ်ဝင်တယ် ၊အပါးရဲ့မြေးလေးကို ဘေးအိမ်က အသိအဒေါ်တစ်ယောက်ကကြည့်ရူ့ပေးတယ် တဲ့ အပါး "

"ဟူး.......အပါး စိတ်မကောင်းဘူး သားကြီး၊ HANTHAR အိမ်တော်ရဲ့မြေးက ခုလိုအနေဝေးမှာ ဆင်းဆင်းရဲရဲနေနေရတယ်ကြားရတာ အပါး ရင်ထဲမချိဘူးသားကြီး ၊ မြေးလေးတို့သားအဖကို ဘယ်လိုခေါ်ယူဖို့ စီစဉ်ထားလဲ သား"

ကိုယ်အမှားမဟုတ်ပါဘူး ပြောမရတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ကိုယ့်ကြောင့် အစဖြစ်ခဲ့တာကိုငြင်းမရဘူး။ ကိုယ်တွေ အကြောင်းမလှလို့ သေခွဲ ကွဲခဲ့ရပြီးပြီ၊ ကိုယ်ရဲ့တစ်ဦးတည်းသောညီ Jackson နှင့် ချစ်ရဲ့မောင်လေးကို မိသားစုတွေ အချိန်တစ်ခုထိ ရှင်ကွဲ ကွဲခဲ့ကြပြီးပြီ။ ပြသနာတွေကြားထဲက ဘာမှ အပြစ်မရှိတဲ့ တူလေးကို အိမ်တော်ရဲ့အဝေးမှာ ထားရလောက်သည်ထိ ကျွန်တော် နှလုံးသားမမာဘူး။ နားမကျန်းဖြစ်နေသောမားမား၊မြေးကို တမ်းတနေပါသော မားမား
လိုအင်ကိုပြည့်ဖို့ရာ အစီအစဉ်တစ်ခုကို တွေးဖို့လိုနေပြီ ။ အချိန်တစ်ခဏထိ ကိုယ်ဆီတာဝန်
အလုပ်တွေ လုပ်ချင်သေးသည်ဟူသော ခေါင်းစဉ်အောက်က ကျွန်တော်နှင့် Dr.ဧကရီ စေ့စပ်ပွဲမှာပြောသောစကား ပြန်ယုတ်သိမ်းရတော့မည်။ ဒေါက်တာဧကရီမွေးစား မောင်လေး အိမ်တော်အပါခေါ်ဖို့ရာ ကျွန်တော်နှင့် ဒေါက်တာဧကရီ လက်ထပ်မှရတော့မည်။ ကျွန်တော်တူလေး အနေဝေးမှာ ဆင်းရဲချို့တဲ့စွာ မနေရဖို့ ဒီနည်းလမ်းကသာ အထိရောက်ဆုံး ဖြစ်မည်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now