ရှားမစ်(Arc -5.2)

8.9K 778 8
                                    

<Unicode>
အခန်းထဲမှအမျိုးသမီးတစ်ဦးကသူ့ရှေ့ကကွယ်ထားတဲ့လူတေကိုတွန်းတိုက်ကာတံခါးဖွင့်ပေးရန်ကြိုးစားတော့သည်။

"ဟာ ဒီမိန်းမရူးနေတာလား!"

သားသမီးဇောနဲ့ထိုအမျိုးသမီးဟာဆွဲထားတဲ့လူတေလက်ထဲမှရုန်းထွက်ကာတံခါးလက်ကိုင်အားဆွဲဖွင့်ပေးလိုက်သည်။

ကျွီ..

ပွင့်သွားတဲ့တံခါးကြောင့်ကလေးမလေးကိုအရင်ဝင်စေကာခွန်းထစ်ကိုဝင်ကူလိုက်သည်။

"အထဲဝင် အသက်!"

ခွန်းထစ်ကzombieတစ်ကောင်နဲလုံးထွေးနေကာရှားမစ်ကိုလှမ်းအော်လေသည်။ရှားမစ်လဲအထဲမဝင်ပဲခွန်းထစ်အပေါ်ကိုအုပ်မိုးထားတဲ့zombieကိုဆောင့်ကန်လိုက်ပီးခွန်းထစ်အားဆွဲထူကာအခန်းတွင်းသို့်ပြေးသွားပီးတံခါးကိုလျင်မြန်စွာပိတ်လိုက်သည်။တံခါးပိတ်လိုက်သည်နှင့်တပြိုင်နက်တံခါးရှေ့သို့ရောက်လာတဲ့zombieတေကတံခါးအားခေါင်းဖြင့်တိုက်နေသည်။သို့ပေမယ့်တံခါးကဖန်နဲ့လုပ်ထားတာမဟုတ်လို့စိတ်ပူစရာတော့မရှိပေ။

"ဟူးး"

"ထိခိုက်မိသေးလား အသက်!"

"ဟင့်အင်း ခွန်းထစ်ရောထိခိုက်မိသေးလား"

"ကိုယ်အဆင်ပြေတယ်"

တစ်ယောက်နဲ့တစ်ယောက်အခုမှသက်ပြင်ချနိုင်ပီးအခန်းထဲကလူတေကိုကြည့်လိုက်တော့ဝန်ထမ်းမိန်းကလေးတေရယ်မန်နေဂျာဖြစ်တဲ့လူမီနာရယ်အားလုံးပေါင်းအခန်းထဲမှာလူဆယ်ယောက်ရှိနေသည်။

"သမီးလေး အမေ့သမီးလေး"

ကလေးမလေးအားဖက်ကာငိုနေသည့်အမျိုးသမီးမှာခွန်းထစ်ရဲ့အတွင်းရေးမှုးဖြစ်ပုံရသည်။

"ကျေးဇူးတင်ပါတယ် ceoရယ်ကျမကလေးကိုကယ်လာပေးလို့ ဒီအသုံးမကျတဲ့အမေကဘာမှမလုပ်နိုင်ခဲ့ဘူး အီးဟီး"

"မဟုတ်တာအမရဲ့ အမသာတံခါးမဖွင့်ပေးရင်ကျနော်တို့လဲမလွတ်နိုင်ပါဘူး"

ရှားမစ်ကငိုယိုနေတဲ့သူမကိုနှိမ့်သိမ့်ပေးလိုက်သည်။

"ceoဘာဖြစ်သွားသေးလဲဟင် ထိခိုက်မိသေးလား"

Love System (Completed)Where stories live. Discover now