Part 40(Uni+Zawgyi)

6.2K 191 14
                                    

Uni

"မောင့်...."

​"ပြော​လေ ​ခေတ်​လေး "

"သားနဲ့ ​ခေတ် မနက်ဖြန် ​နေပြည်​တော် သွားလည်ချင်တယ် "

​"မောင်လည်း လိုက်မယ် ​​လေနောက်တစ်ပတ်မှသွားရ​အောင် "

သား​လေးက လည်း ​မေ​မေမျိုးနဲ့ ဖိုးဖိုးကိုလွမ်း ​​နေပြီ။ ခေတ်ကလည်း ​ဖေ​ဖေတို့​မေ​မေတို့နဲ့ မ​တွေ့ရတာ ကြာလို့ ​တွေ့ချင်​နေတာ ။ အခု အလုပ်​တွေနည်းနည်းရှင်း​နေတဲ့အချိန်မို့ သွားချင်​နေတာပါ ။ ​မောင်အားဖို့ ​စောင့်ရရင် ဒီတစ်နှစ်သွားရဖို့ လမ်းမမြင်။ ​မောင်နဲ့ သွားရင်လည်း သူ့ holiday တစ်ရက်ပဲ​နေရတာ ။ ​နောက်ရက်ပြန်မယ်ဆိုတာ ကြည့်ပဲ။ သူ့အလုပ်​တွေက လုံးဝမအားတာ​လေ ။ အခုက ပိုဆိုး ဒယ်ဒီ က အလုပ်​တွေ အားလုံး ​မောင့်ကို လွှဲ​ပေး လိုက်ပြီ။ ​မောင်က Golden Apex Group (GAG) ရဲ့ ဥက္ကဌ ရာထူးကို ယူထားရတာ ။ oversea ​ရုံးခွဲတွေအပြင် local ရုံး​တွေပါ လိုက်စစ်ရတာနဲ့ကို မအားလပ်ပါ ။

သူကြ​​တော့ မအားလပ်​အောင်အလုပ်​တွေ လုပ်​နေပြီး ​​ခေတ်ကို ကြ​တော့ အလုပ်​တွေ မလုပ်ရဘူး တဲ့ ။ သူရှာတဲ့ ပိုက်ဆံ​တွေက သားနဲ့ ​ခေတ့်အတွက်ပဲတဲ့ ။ ​ခေတ်က အလုပ်မလုပ်ပဲမ​နေနိုင်ပါဘူး ။ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတာ​လောက်​ပျော်စရာ ​​ကောင်းတာ မရှိဘူး​​လေ ။ ​ခေတ် အလုပ်ကို အရင်က​လောက်မလုပ်​ပေမယ့် ၁ပတ်ကို ၄ ရက်​လောက်​တော့ ပုံမှန် သွားဖြစ်၏။ သားကိုပါ ​ခေါ်ပြီး အလုပ်သွားတာမို့ သား​လေးက ​ပျော်တာ တအား ။ ဆိုင်မှာက လူ​တွေ အများကြီးဆို​တော့ သားအကြိုက်​ပေါ့။ သားက မကြာခင် ၃နှစ်ပြည့်​တော့မှာဆို​တော့ မူကြို ပို့ရ​တော့မယ်​​လေ ။ သား​လေးလည်းမူကြို မပို့ခင် ​ခေတ်အလုပ်လည်း အရမ်းကြီးများ​နေတာ မဟုတ်လို့ ​နေပြည်​တော် ၁ပတ်​လောက်သွားလည်မှာ ကို ​မောင်က ​ပြောမရဖြစ်​နေတာ ။

​"မောင်မှမအားတာ ​ခေတ်က ​မေ​မေ့ဆီမှာ ၁ပတ်​လောက်​နေချင်​သေးတာ
မ​တွေ့ရတာလည်း ကြာ​နေလို့
သား​လေးလည်း ​ကျောင်းမပို့ခင်​လေး "

"မရဘူးကွာ သားနဲ့ ​ခေတ်မရှိရင် ​မောင်မ​နေတတ်ဘူး "

​ခေတ် ​မောင့်ကို ဘာမှ မ​ပြောချင်​တော့ပါ ။ ​ခေတ် ဒီ​လောက်ရှင်းပြ​နေတာကို သူက အရမ်း​တွေ ဖြစ်​နေတာ ။ ​ခေတ်ကလည်း ​​မောင့်ကို လွမ်းတာ ပါဘဲ။ ​မောင်နဲ့ကျ အမြဲအတူရှိ​နေပြီး ​ဖေ​ဖေနဲ့ ​မေ​မေ ကိုကျ​တော့ ​ခေတ် သွားမ​တွေ့ရတာ ၁နှစ်​ကျော်ပြီ​လေ ။

Forever Together  (Completed)Where stories live. Discover now