Chapter - 37

12.5K 713 45
                                    

" အဖိုး … မေမေ … ဖေဖေ "

မုဒြာရောက်ရှိနေတာက အဖြူရောင်ပန်းခင်းကြီးအထဲမှာဖြစ်ပြီး ဘေးပတ်ပတ်လည်၌ မြူခိုးတွေရစ်ဆိုင်းနေသည် ။ အိမ်တော်ကြီးလဲ မရှိတော့သလို ဘယ်အရာမှ သူ့အနားမှာမရှိနေတော့ပေ ။  မိဘတွေနဲ့အဖိုးဖြစ်သူကို ပြန်တွေ့လေမလား မျှော်လင့်ချက်နဲ့ အော်ခေါ်ကြည့်နေမိသည် ။

ထိုစဉ် သူ့အရှေ့၌ ဝိုးတဝါးပုံရိတ်တစ်ချို့ ပေါ်လာသည် ။ သန်မာသည့်အမျိုးသားတစ်ဦးက ပန်းခင်းကြီးကို ရေလောင်းနေသည် ။ သူ့ရဲ့နဘေးမှာ အမျိုးသမီးတစ်ယောက်ရပ်နေပြီး သူမကထိုလူအား ပြုံးကာကြည့်နေသည် ။

မုဒြာ မိခင်ရဲ့အပြုံးတွေကို မမြင်တွေ့ရတာကြာပြီမို့ အရှေ့မှာပေါ်လာတဲ့မိခင်ပုံရိပ်လေးအား ငေးကြည့်နေမိသည် ။ မိခင်က မုဒြာတစ်ခါမှမမြင်တွေ့ဖူးတဲ့ သူ့ရဲ့ဖခင်အား စကားပြောကာ ပြုံးရယ်နေသည် ။ ဖခင်က မုဒြာအားကျောပေးထား၍ မုဒြာဖခင်မျက်နှာကို မြင်မရပေ ။ အနောက်ကနေကြည့်တာတောင် ဖခင်ကသန်မာပြီးထွားကြိုင်းသည် ။ မိခင်ရဲ့ဖြူစင်တဲ့အပြုံးပန်းလေး ပွင့်လန်းအောင် လုပ်ဆောင်ပေးနိုင်သူဟာ ဖခင်တစ်ဦးတည်းသာရှိမည်မှန်း မုဒြာသိလိုက်ပြီ ။

မိခင်ထွက်ခွာသွားချိန်က မုဒြာရူးမတတ်ငိုကြွေးကာ မိခင်အဆင်မှပြေရဲ့လားတွေးပူမိခဲ့သည် ။ ခုတော့ မိခင်ဟာ သူချစ်ရတဲ့ဖခင်နဲ့ပျော်ရွှင်နေပြီမို့ မုဒြာလဲစိတ်ချသွားလေသည် ။ ထိုစဉ် သူတို့နဲ့မလှမ်းမကမ်းမှာ အဖိုးရဲ့ပုံရိတ်ပေါ်လာခဲ့သည် ။ အဖိုးဟာ သူ့သမီးလေးသူချစ်ရတဲ့မိတ်ဖက်နဲ့ ပြုံးပျော်နေတာကိုကြည့်ပြီး ပီတိမျက်ရည်များပင်ကျနေသည် ။ မုဒြာသူတို့အားလုံးရဲ့အပြုံးတွေကို မြင်တွေ့ရတော့ ဝမ်းနည်းပျော်ရွှင်ကာ ငိုကြွေးမိလေတော့သည် ။

ပျော်ရွှင်ခြင်းက မိခင်ဟာသူချစ်ရတဲ့ဖခင်နဲ့ပြန်လည်ဆုံစည်းခဲ့သလို အဖိုးဟာလဲ သူခွဲခွာမိခဲ့၍နာကျင်နေတဲ့သမီးဖြစ်သူရဲ့အပြုံးတွေကိုပြန်မြင်နိုင်ခဲ့ခြင်းကြောင့်ပင်  ။ ဝမ်းနည်းတာက သူတို့အားလုံးဟာ သူ့ကိုထားခဲ့ကာ ထွက်သွားကြ၍ဖြစ်သည် ။ တစ်ဖြေးဖြေးပုံရိတ်တွေက ဝေဝါးကာ အငွှေ့တဖွယ် ပျောက်ကွယ်သွားပြီး အမှောင်ထုကြီး ကြီးဆိုးလာလေတော့သည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now