အခန်း-(၁၁) တိုးတိတ်ငြိမ်သက်ခြင်း

255 41 0
                                        

Unicode

"ကောင်းချင်းကျုံယဲ့ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို နင်သိလား"

ကျွန်မ နွားနို့တစ်ငုံသောက်လိုက်ပြီး ကုတင်ပေါ် ထိုင်နေတဲ့ ယုံချီကိုမေးလိုက်တယ်။ဒီနေရာမှာ ရှင်တို့အလိုရှိသလောက် စားနိုင်သောက်နိုင်ပြီး အဲ့လိုစားတာက ရှင်တို့ခန္ဓာကိုယ်ကို လုံးဝထိခိုက်‌စေမှာမဟုတ်ပါဘူး။ဒီနေရာမှာ စားသောက်တယ်ဆိုတာကလည်း အနည်းဆုံးတော့ ကောင်းတဲ့လုပ်ရပ်တစ်ခုမို့ပါ။

"ကောင်းချင်းကျုံယဲ့က ဘယ်သူလဲ ငါတစ်ခါမှမကြားဖူးပါဘူး"

ယုံချီက သူမရဲ့ အစိမ်းရောင်ဆံပင်တွေကိုဖြီးနေရင်းဖြေလာတယ်။

ကျွန်မ သူမကို ဘုကြည့်ကြည့်ရင်း ထအော်လိုက်တယ်။

"ခေါင်းဖြီးချင်ရင် အပြင်ထွက်ဖြီးဟာ နင့်အစိမ်းရောင် ဆံပင်မွေးတွေ ငါ့ကုတင်ပေါ် မကျန်ခဲ့စေနဲ့"

ယုံချီက ကျွန်မစကားကို လျစ်လျှူလျှုပြီး ဆက်ဖြီးနေပါတယ်။

"နင်အရှေ့ဘက်ခရိုင်မှာတုန်းက စိတ်ဝင်စားစရာတစ်ခုခုများဖြစ်ခဲ့လို့လား"

"အဲ့အကြောင်းတော့ မပြောဘဲနေတာပိုကောင်းမယ်ဟေ့ ဒါမဲ့ ငါနင့်ကို စစ်ဆေးကြည့်စေချင်တာ တစ်ခု‌တော့ရှိတယ်"

"ဘာကိုလဲ"

"ကျဲပ ပြောပုံအရဆိုရင် လုရွဲ့မသေသေးဘူးတဲ့ တစ်ယောက်ယောက်က လုရွဲ့ဟန်ဆောင်ထားတယ်ဆိုပဲ"

ယုံချီက အံ့ဩသွားတဲ့ မျက်ဝန်းနဲ့ကြည့်လာတယ်။

"ကျဲပ?.. ဈေးရုံကြီးကြပ်ရေးမှူး ကျဲပလား"

"သူ မဟုတ်ဘဲ ဘယ်ကျဲပရှိသေးလို့လဲ"

"အေးပါ ငါသူ့ကို မေးကြည့်ပါဦးမယ် တကယ်လို့ လုရွဲ့ မသေသေးရင် ငါတတ်နိုင်သလောက်ကူရှာပေးမယ်"

ပြောနေရင်း ယုံချီကထွက်သွားဖို့ပြင်တယ်။

"အင်း ဒါနဲ့နင်အောက်ထပ်ဆင်းလက်စနဲ့ ပထမထပ်က အဘိုးအို ဖန်းကို ငါ့စီလာဖို့ပြောပေးပါဦး"

"ဟုတ်ကဲ့ပါရှင့်"

ယုံချီက ခေါင်းညိတ်ပြပြီး ထွက်သွားပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Nơi câu chuyện tồn tại. Hãy khám phá bây giờ