အပိုင်း(၄၂)

13.4K 801 16
                                    


(ဒီအပိုင်းမဖတ်ခင် ရှေ့အပိုင်း(၂/၄) ကို တစ်ခေါက်လောက် ပြန်ကြည့်ပေးဖို့တောင်းဆိုပါရစေ .....)

ကလေး ငယ်အပေါ်ပြုလုပ်မိတဲ့ မိုက်ပစ်ကဘယ်ချိန်ပေးဆပ်ရမလဲ မသိနိုင်ခဲ့။ ကိုယ့်အမှားမို့ ကလေးအမုန်းကို ခံနိုင်အောင် ကြိုးစားလာခဲ့သမျှ ဘေးသူစိမ်းအနား ပြုံးပျော်နေတဲ့ ကလေးကို မြင်ရတာ ရင်နာလိုက်တာ ။ ကိုကိုရင်တွေနာတယ် ငါကွာ လို့ ကလေးငယ်ဘေးနား ရှိနေသူကို ဆွဲထိုးချင်ပေမယ့် ကိုယ့်ပြုလုပ်ဖူးခဲ့တဲ့အမှာတွေကြောင့် ဆွဲထိုးဖို့နေနေသာသာ လူလုံးတောင် ထွက်မပြရဲခဲ့ဘူး။ ကိုကို အနိုင်ရပြီလို့ တွေးထင်ခဲ့သမျှ ရိုးသားတဲ့ ကိုယ့်ကလေးငယ် ခြေရင်း ကိုကို့အလိမ်အညာအနိုင်ရခြင်းက ကျဆုံးနေတာ မြင်မကောင်း။ ကြောက်စရာ အမှန်တရားက ကိုယ်ရင်ကို အပိုင်းပိုင်း ကွဲထွက်စေပြီ ၊ လွဲမှားနေတဲ့ ကိုယ်အတ္တက ကိုယ်ကို အကြိမ်ကြိမ်သတ်ပြီ။ ကိုကို ဆုပ်ကိုင်ထားဟားတဲ့အမှန်တရား ဆိုတဲ့အရာက ကိုယ့် ကျရူံးခြင်းကို လောင်ပြောင်ဟားတိုက်နေပြီ ၊ ကိုယ့်အကြောင်းသိတဲ့ လူတွေက ကိုယ်ကို ကျိန်ဆဲနေကြပြီ ။

ကလေးငယ် ဆီက တောင်းပန်ခွင့်ရမယ်ဆို ကိုကို ဘာလုပ်ရမလဲ လုပ်မယ်၊ ကလေးငယ်တို့သားအဖကို အမြန်ထွေးပွေ့ခွင့် လိုချင်မိတယ်၊ သားငယ်လေးကို တရားဝင် ထွေးပွေ့ထားချင်တယ်၊ ကိုယ့်ကလေးငယ် ကို အပြုံးမပြတ်ထားနိုင်ဖို့ ကိုကို ဘာလုပ်ပေးရမလဲ။ ကိုကိုမှာ ရှိတဲ့ စည်းဇိမ်ဥစ္စာ တွေနဲ့ လဲလည်ယူလို့ရမလား၊ ကိုကိုဆီက မည့်သည့်အရာတွေနဲ့ လဲယူလို့ရမလဲ။ ကလေးငယ်တို့သားအဖကို ထွေးပွေ့ခွင့်ရဖို့ ဘယ်သူဆီမှာတောင်းယူရမလဲ၊ တိုက်ယူရမလဲ ၊ ဘယ်လို အရာတွေပဲကြုံနေပါစေ ကိုကို ကြိုးစားပါ့မယ်၊အနိုင်တိုက်ယူမယ်။ ချစ်တယ် ကလေးငယ် ၊ ကိုကိုအမှားတွေ ပြင်ဆင်ပြီးရင် ကလေးငယ်ကို သိပ်ချစ်တဲ့အကြောင်း ဖွင့်ပြောမယ်၊ လူမြောက်များစွာရှေ့ ကလေးငယ်ကို လက်ထပ်တောင်းရမ်းယူ မယ် ၊ ကိုကို့ကလေးငယ်လေးကို အမြဲ အပြုံးမပြတ်စေဖို့ ကိုကို ရှိသမျှ အားအင်အကုန်စိုက်ထုတ်လို့ ကြိုးစားမယ်၊ အနိုင်တိုက်ယူမယ် ။ ကိုယ်တို့ရဲ့သွေးသားလေးကို ဖခင်ကောင်းတာဝန် ပိက်ခဲ့သမျှ၊ ဖခင်မပီသခဲ့သမျှ ကိုကို ပြန်လည်ကြိုးစားမယ်၊ ပြီးပြည့်စုံတဲ့ ဘဝကို က်ိုယ်တို့ရင်သွေးလေး အပိုင်ရစေမယ်။

ချစ်ခြင်းတို့အလွန် Where stories live. Discover now