p3/S3(Z&U)

921 14 0
                                    

အခန်း 3

           အနှစ် ၂၀ ခန့် အကြာ။

ဇုသွဲ့ နှလုံးထဲက အလင်းမှုန်အတွက် ထမ်း
ဆောင်ရမည့် တာဝန်ကြောင့် မိခင်ဖြစ်သူ၏
နိုင်ငံသို့ ပြန်ရောက်လာချိန်။

    " စလယ်ရီ စလယ်ရီ  "

"အို…… နိုးပါပြီ"

    စောစောစီးစီး စလယ်ရီ အိပ်ရာကလေးကနေ လူး
လွန့် ထ ရလေပြီ။ မထလို့လည်း မဖြစ်။ကျောင်းမ
သွားခင် အိမ်သားတွေကို နံနက်စာ ပြင်ပေးခဲ့ရမည်။
မဟုတ်လျှင် အဒေါ်ကြီးလက်ဝါးစောင်းကို မြည်းစမ်းရ
လိမ့်မည်။

      ရေခဲသေတ္တာထဲ ရှိသော ဟင်းချက်ဖို့ ရှာတော့
ပြောင်သလင်းခါနေသည်။မဖြစ်သေး။စောစောစီးစီး
အေးကိုက်နေသော ဆောင်းမနက်မှာ မနက်အစော
ထပြေးရတော့မည်။လက်ထဲတွင်လည်း အချိန်ပိုင်းလုပ်
လို့ ထုတ်ထားတဲ့ ငွေလေးနည်းနည်းက ရှိပေလို့
တော်သေး။

  " အိုဒူရာရေ ဈေးကို ခဏသွားဦးမယ်နော်၊
  ဟင်းချက်စရာ ကုန်နေလို့"
"သွားလိုက်၊ ငါ့ဖို့ ပုစွန်လေး ဝယ်ခဲ့စမ်း"
"အွန်းပါ"

  အိုဒူရာဆိုတာ စလယ်ရီ အခန်းဖော်။ပြောရလျှင်
သခင်မလို့ ခေါ်ရမည်လား။စလယ်ရီကိုဆို မျက်စိ
နှစ်လုံးဖွင့်သည်နှင့် အပျောက်မခံတတ်သူ။အဟင်း။
ချစ်လွန်းလို့တော့ မဟုတ်။သူမက စလယ်ရီကို ခိုင်း
မှ သူမတစ်နေ့တာ ကုန်ဆုံးနိုင်တာမို့။

    စလယ်ရီ ဈေးကို ပြေးလာမိသည်။အိုဒူရာဖို့ ပုစွန်
နည်းနည်းဝယ်ကာ ကျန်နေသော ပိုက်ဆံဖြင့် လိုတာ
လေးတွေ ဝယ်ခြမ်းလိုက်ရသည်။

   " အို …… ဆောရီးနော်၊ ကျွန်မ မမြင်လိုက်လို့"
"……"

     ပခုံးချင်း တိုက်မိလိုက်တာကြောင့် စလယ်ရီ
ကိုယ်လေး ကိုင်းကာ အမြန်တောင်းပန်စကားဆို
လိုက်သည်။အပြေးအလွှားလေး ပြောပြီးနောက် အိမ်
အရောက်ပင် ဒုန်းစိုင်းမိခဲ့သည်။အိမ်ဆိုမှ စလယ်ရီ
နေသော အိမ်တွင် စလယ်ရီအပါဝင် လူလေးဦး ရှိ
သည်။အမေ့၏ အဒေါ်ဖြစ်သူ အလူမာ၊ အဒေါ်ကြီးသား
ကြီးဖြစ်သူ အလူခါနှင့် မိကြီးကျယ်မလေး အိုဒူရာရယ်
စလယ်ရီ ရယ်ပေါ့။စလယ်ရီနှင့် အူဒူရာမှာ ရွယ်တူဖြစ်
ပြီး အလူခါကတော့ စလယ်ရီထက် တစ်နှစ်ကြီးသော
သူဖြစ်သည်။စလယ်ရီတာဝန်က အိမ်မှုကိစ္စ၊ ချက်ပြုတ်
လျှော်ဖွပ်ဖို့ရန်နှင့် အူဒူရာကို ခစားဖို့ပင်။အဒေါ်ကြီး
ကတော့ သားနှင့်သမီး ကျောင်းတက်ဖို့အတွက် လို
လေသေးမရှိအောင် ပြင်ပေးတတ်ပြီး စလယ်ရီအတွက်
တော့ ဝေစုမပါ။

Love + Love [Normal Fiction]Where stories live. Discover now