အခိရာ(Arc -6)

10.4K 821 13
                                    

<Unicode>
*အခိရာလို့ပဲသုံးပါတော့မယ်*

"ယန်း9ထောင်!"

စင်အောက်ကဝက်နှာခေါင်းနဲ့လူကြီးကအားနဲ့မာန်နဲ့အော်လိုက်တာမို့အခိရာပင်လန့်သွားရသည်။

*ဘုရား ဘုရား ဒါကြီးသာငါ့ကိုဝယ်သွားရင်နေ့မကူးခင်ငါသေမှာ*

အခိရာလဲစင်အောက်ရှိလူများထဲမှကိုကိုဖြစ်နိုင်မယ့်သူကိုမျက်လုံးလေးဝင့်ကာလိုက်ရှာနေမိသည်။

"ယန်း1သောင်း!"

"what the!!"

လူဝံကြီးတစ်ကောင်ကဈေးထအော်တဲ့အလာအားလုံးတိတ်သွားကြသည်။

(Bunny အဲ့တာဟိုလူဝံကောင်မလား)

(ဟုတ်ပါတယ်)

(အီးး ကိုကိုရေဘယ်မှာလဲ အသက်ကြောက်လာပီ မသေချင်သေးဘူး)

စိတ်ထဲမှာအော်ငိုနေတဲ့အခိရာကအတွေးတစ်ခုပေါ်လာသည်။

*ကိုကိုသာဆိုငါ့ကိုလာကယ်လိမ့်မယ်*

အတွေးနဲ့အတူကို့လက်ကိုဆွဲဆိတ်ကာငိုအောင်လုပ်တော့သည်။နူးညံ့တဲ့အသားလေးကနည်းနည်းလေးထိတာနဲ့နာသွားတာကြောင့်မျက်ရည်များဖြိုင်ဖြိုင်စီးကျလာတော့သည်။စိတ်ထဲကနေလဲ...

*ကိုကိုဘယ်မှာလဲ အသက်ကိုလာခေါ်ပါ ကိုကိုရေ*

"ယန်း1သိန်း!!!!"

"ဟင်!"

ဟာ!ဟင်!

မျက်ရည်စက်လက်နဲ့အခိရာကအံ့သြတကြီးမော့ကြည့်မိပီးခန်းမထဲကလူများကလဲဆူညံလာသည်။ယုန်ဖြူလေးတစ်ကောင်ကိုထိုငွေပမာဏအထိပေးဝယ်တဲ့သူကသာမန်လူမဖြစ်တာပေ။

"မိုရု အဲ့တာမိုရုမလား!"

လူတစ်ယောက်ကအံသတြကြီးအော်ပြောလာတော့ခန်းမထဲကလူများကလန့်ဖြန့်ကုန်ကြသည်။အခိရာလဲမျက်ရည်များသုတ်ကာထိုလူအားကြည့်မိတော့ ခြင်္သေနားရွက်များနဲ့ဂုတ်ထောက်လောက်အရှည်ရှိတဲ့ကောက်ကွေးနေတဲ့ဆံသားများနဲ့လူ။အဝါရောင်မျက်ဝန်းတေကခန့်ညားလွန်းပီးစူးရှသည်။ထိုလူကဘယ်သူ့ကိုမှကြည့်မနေပဲသူ့တစ်ယောက်ထဲကိုသာစူးစိုက်ကြည့်နေပီးသူ့ထံလျှောက်လာတမို့အနေခက်စွာဒူးလေးကျုံ့လိုက်မိသည်။

Love System (Completed)Where stories live. Discover now