ရှားမစ်(Arc -5.5)

8.8K 735 9
                                    

<Unicode>
ခွန်းထစ်အခန်းထဲကzombieကိုရှင်းပီးတော့ရှားမစ်အားကူညီရန်အပြေးလေးသွားလိုက်သည်။zombieများကတစ်ယောက်ပေါ်တစ်ယောက်ကုပ်တက်ကာအသိမဲ့နေတဲ့သူများအတိုင်းအခန်းထဲကလူများကိုတိုက်ခိုက်ရန်သာစိတ်အားထက်သန်နေကြသည်။

ရှားမစ်နဲ့ခွန်းထစ်နှစ်ယောက်ပေါင်းပီးရိုင်ချလိုက်တော့zombieများကဘုတ်ကနဲဘုတ်ကနဲမြေကြီးပေါ်ပြုတ်ကျကုန်သည်။သို့ပေမယ့်ဇွဲမလျှော့ပဲထပ်တက်လာတာကြောင့်ပြတင်းပေါက်မှန်ကိုအမြန်ဆွဲပိတ်လိုက်တော့သည်။ခက်တာကတံခါးကဖန်နဲ့လုပ်ထားတာကြောင့်အပေါ်ထပ်ရောက်လာတဲ့zombieတေကတံခါးမှန်ကိုအတင်းထုရိုက်နေတာမို့တဖြည်းဖြည်းအက်လာသည်။

"အပြင်ထွက်မှရမယ် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့လက်နက်တစ်ခုစီယူပီးအပြင်ထွက်ကြ!"

ခွန်းထစ်ကအော်ပြောလိုက်တော့ရှားမစ်လဲအခန်းထဲ့ဝေ့ဝိုက်ကြည့်လိုက်သည်။အခန်းထောင့်မှာစုပုံထားတဲ့သံပိုက်လုံးများတွေ့လိုက်တာကြောင့်အားလုံးကိုတစ်ယောက်တစ်ချောင်းစီပေးလိုက်ပီးခွန်းထစ်ကိုပါပစ်ပေးလိုက်သည်။

ဂျောက် ဂျောက်...

တံခါးမှန်ကာအက်ကွဲကြောင်းများအပြည့်ဖြစ်လာပီး...

ခလွမ်း...

"ပြေးတော့!!!"

မှန်ကွဲသွားတာနဲ့zombieတေကအသည်းအသန်အခန်းထဲအလုယက်ဝင်လာကြသည်။အပြင်မှာရှိနေတဲ့zombieများကိုရှားမစ်ကဦးဆောင်ရှင်းလင်းပေး
လူတေအကုန်လုံးအပြင်ကိုရောက်တော့မှပြတင်းပေါက်ကိုကျော်ဝင်လာတဲ့zombieတေပါထပ်မရောအောင်ခွန်းထစ်ကတံခါးကိုဆွဲပိတ်လိုက်သည်။

"ခေါင်မိုးထပ်ကိုပြေး မြန်မြန်!"

ခွန်းထစ်ကzombieတေနဲ့တိုက်ခိုက်နေတဲ့ရှားမစ်အားဝင်ကူလိုက်ပီးကျန်တဲ့သူများကိုအော်ပြောလိုက်သည်။အားလုံးကလှေကားကနေတက်သွားကြပီးရှားမစ်တို့ကနောက်မှာပါလာတဲ့zombieတေကိုတားဆီးရင်းလိုက်လာကြသည်။​ရှေ့ဆုံးတွင်ယောက်ျားသားများကဦးဆောင်ကြပီးနောက်ဆုံးတွင်ရှားမစ်နဲ့ခွန်းထစ်ကရှိနေသည်။အလယ်တွင်မိန်းကလေးများကိုထားကာစည်းစည်းလုံးလုံးနဲ့တိုက်ခိုက်ရင်းအချင်းချင်းကာကွယ်ကြသည်။

Love System (Completed)Where stories live. Discover now