ရှားမစ်(Arc -5.6)

8.8K 770 26
                                    

<Unicode>
"အစ် သမီးလေးကိုအပ်ပါတယ် ဂစ်"

တဖြည်းဖြည်းအကြောလိုက်သလိုဖြစ်လာတဲ့သူမကြောင့် ရှားမစ် ကလေးမလေးအားဆွဲယူလိုက်တော့သည်။

zombieများကိုတိုက်ခိုက်နေတဲ့ခွန်းထစ်ကစိတ်မကောင်းသလိုလှည့်ကြည့်လာတာကြောင့်..

"သွားတော့!သမီးလေးကိုစောက်ရှောက်ပေးပါ"

ခွန်းထစ်လက်အားဆွဲယူကာရှားမစ်လက်ထဲထည့်ပေးလိုက်ပီး...

"ceo ကျမသမီးလေးကိုရှင်တို့လက်ထဲအပ်ပါတယ် ဂစ် ပြေးတော့!"

zombieအသွင်ပြောင်းချင်ပီဖြစ်တဲ့သူမကစိတ်ကိုထိန်းချုပ်ထားပုံရသည်။ခွန်းထစ်လဲကလေးကိုကောက်ချီကာရှားမစ်လက်ကိုဆွဲပီးပြေးသွားတော့သည်။ကျန်နေခဲ့တဲ့သူမကတော့နောက်ထပ်တက်လာတဲ့zombieများကိုသူမကိုယ်တိုင်သာအကိုက်ခံရင်းတားဆီးကာကျန်နေခဲ့တော့သည်။

"မား!မား!"

မိခင်ကိုတကာအော်ငိုနေတဲ့ကလေးမလေးကိုသနားပေမယ့်သူတို့တက်နိုင်တာဘာမှမရှိတော့ပေ။ထို့ကြောင့်သူမသမီးလေးကိုသာကာကွယ်ပေးရမည်ဟုဆုံးဖြတ်လိုက်တော့သည်။ခေါင်မိုးထက်ရောက်တော့တံခါးကပိတ်ထားပေမယ့်ကြိုးနဲ့သာချည်ထားတာမို့အမြန်ဆွဲဖြည်ကာတံခါးအားတွန်းဖွင့်လိုက်သည်။တံခါးပွင့်သည်နဲ့တပြိုက်နဲ့နောက်မှzombieများကလဲအုပ်လိုက်ကြီးတက်လာတော့သည်။
ထို့နောက်အကုန်လုံးအပြင်သို့ထွက်ကာတံခါးအားဆွဲပိတ်လိုက်သည်။သို့ပေမယ့်zombieများကတံခါးကိုထုရိုက်ကာအတင်းတွန်းနေတာကြောင့်ပွင့်မသွားအောင်ရှားမသ်တို့နဲ့နောက်ထပ်ကောင်လေးနှစ်ယောက်ကတံခါးကိုပြန်တွန်းထားရသည်။

ဝီး ဝီး(ရဟတ်ယဉ်အသံ😓)

ထိုအချိန်ရဟတ်ယဉ်တစ်စီးကသူတို့ရှိနေတဲ့ခေါင်မိုးထပ်ပေါ်တွင်ပျံဝဲနေသည်။ထို့နောက်လူတစ်ယောက်ကကြိုးဖြင့်ဆင်းလာပီးတစ်ယောက်ခြင်းစီကိုကြိုးဖြင့်ဆွဲတင်နေတာကြောင့်ရှားမစ်တို့မှာတံခါးကိုအားကုန်ပြန်တွန်းပီးအချိန်ဆွဲထားရသည်။ကျန်လူများအကုန်တက်ပီးသည်နှင့်...

"မင်းတို့သွားနှင့် ငါတို့တားထားလိုက်မယ်"

ရှားမစ်ကဘေးကကောင်လေးနှစ်ယောက်အားပြောလိုက်သည်။

Love System (Completed)Where stories live. Discover now