Part - 2

3.6K 354 4
                                    

2006 ခုနှစ်၊ August (5)ရက်။

တရုတ်နိုင်ငံ လော့ရန်မြို့၊ ယဉ်ကျေးမှုအမွေအနှစ်တို့ ထွန်းကားရာ၊ မင်းဧကရာဇ်တို့ စိုးစံခဲ့ရာမြို့တော်။

မျက်မှောက်ခေတ်မှာတော့ ခိုးဆိုးလုယက်မှုတို့ ဖြစ်ပွားရာ၊ လူဆိုးလူမိုက်တို့ မင်းမူရာမြို့။

"ပါပါး.. ဒီနေ့ သားသားမွေးနေ့ လျှောက်လည်မယ်လို့ ကတိပေးထားတယ်နော်။ "

"သားသားမွေးနေ့အတွက် ပါပါးခွင့်ကြိုယူပြီးသားပါကွ။

အားလျန်ရေ.. မင်းသားလေးကို ရေချိုးအဝတ်အစားလဲပေးလိုက်ပါဦး။ ကိုယ်တို့ဒီနေ့တစ်နေ့လုံး လျှောက်လည်ရအောင်။ "

ဇနီးသည်ကိုလှမ်းပြောအပြီး ဝမ်ရိဟန် သက်ပြင်းချလိုက်သည်။ သူက လော့ရန်မြို့ကို လူဆိုးလူမိုက်တွေရန်က ကာကွယ်ပေးနေတဲ့ ရဲမှူးအနေနဲ့ တာဝန်ဝတ္တရားတွေ ကျေပွန်ခဲ့ပေမယ့် သူ့ကိုယ်ပိုင်မိသားစုလေးရဲ့ တာဝန်ကိုတော့ လစ်ဟင်းနေတာကြာပြီ။

ကလင်... ကလင်....

"အမိန့်ရှိပါ။ "

" ..... "

"ကောင်းပြီ။ ငါအခုလာခဲ့မယ်။ "

"အားလျန်ရေ ဒီကိုခနလာပါဦး။ "

ဇနီးသည်ရောက်လာသည့်နှင့် သားလေးမကြားအောင် လေသံအုပ်အုပ်ဖြင့်

"ဌာနက ဖုန်းဆက်တယ်။ အရေးကြီးတဲ့ ကွင်းဆက်လူသတ်တရားခံကိုဖမ်းဖို့ သဲလွန်စရပြီ။ အဲ့တာကိုယ်အခု ဌာနကို သွားရမယ်။

သားလေးကို မင်းပဲ ဖြောင်းဖျပြီး ကစားကွင်းခေါ်သွားလိုက်နော်။ ကိုယ် ညအမှီ ပြန်လာခဲ့မယ်။ "

"ကောင်းပါပြီ။ သားလေးကို ကျွန်မကြည့်ပြောထားလိုက်ပါမယ်။ "

"တောင်းပန်ပါတယ် အားလျန်။ "

"မလိုပါဘူး။ ရှင်သာ ဘေးမသီ ရန်မခနဲ့ အိမ်ကိုပြန်ခဲ့ပါ။ "

ဒီကွင်းဆက်လူသတ်သမားက လူ(၁၈)ယောက်တိတိ သတ်ခဲ့တာ။ လွန်ခဲ့တဲ့(၅)နှစ်လောက်ကတည်းက တောက်လျှောက်ဖြစ်ပွားနေတဲ့ ပုံစံတူ လူသတ်မှုတွေကို အမှုမှန်မပေါ်တဲ့အဆုံး ဝမ်ရိဟန်ကိုယ်တိုင် ဒီအမှုကို ကိုင်တွယ်နေတာ။

Guardian Devil [Completed]Where stories live. Discover now