၃၄

4.2K 632 15
                                    

အပိုင်း ၃၄ ဇိမ်ခံ စားပွဲ

အကယ်ဒမီက သူ ထင်ထားသည်ထက် ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းနေသည်။ လေထုကလည်း နေချင်စဖွယ်ဖြစ်သည်။  သူတို့ကသာ  သူ လိုချင်သည့် ပစ္စည်းများကို ထုတ်နိုင်ခဲ့လျင် သည်နေ့ ခရီးတိုက အလကား မဖြစ်တော့ပေ။

“ ကိုယ်ကသာ ကျေးဇူးတင်ရမှာပါ။ မင်းက ပစ္စည်းကောင်းတွေ ယူလာတာပဲလေ”

“  ကောင်းပါပြီ”
ယွမ့်ထန်းကလည်း ပျော်ရွှင်စွာ သဘောတူလိုက်သည်။ထို့နောက် သူက ငရုတ်အနှစ် ပုလင်းကို ထုတ်ကာ ဟော်ယွန်ရီကို ပေးသည်။

“  အစ်ကိုကြီး ဟော်ကိုပဲ ဒုက္ခပေးရတော့မယ်။ ဒီငရုတ်ဆီ ပုလင်းလေးကို မာရှယ်ဟော်ကို ပေးပေးနိုင်မလား။ သူက အစပ်ကြိုက်တာ သတိထားမိလို့ပါ”

ဟော်ယွန်ရီက မျက်ခုံးပင့်သည်။ ယွမ့်ထန်းက သူ၏ အရူးညီအတွက် ပေးစရာ တစ်ခုခု ယူလာမည်ဟုပင် မထင်ထားမိပေ။

“ ကြည့်ရတာ ဒီနေ့တော့ အံ့သြစရာ ညလေး သူရတော့မှာပေါ့လေ”

ဟော်ယွန်ရီက ငရုတ်ဆီပုလင်းကို ယူသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်လာ၏။ သူက ယွမ့်ထန်း၏ ပခုံးကို တရင်းတနှီး ပုတ်သည်။

“ ဘက်လိုက်ခံရတာ မကောင်းဘူး မင်း သိလား”

သူ ဆိုလိုသည်ကို နားလည်သော ယွမ့်ထန်းကလည်း ခပ်မြန်မြန် ခေါင်းညိတ်သည်။
“ ကောင်းပါပြီ နောက်တစ်ခါကျရင် ကျွန်တော် နှစ်ပုလင်း လုပ်လိုက်ပါ့မယ်”

ဟော်ယွန်ရီက သဘောကောင်းစွာ လိုက်ပို့မည်ဆိုသော စကားကို သူ ငြင်းလိုက်သည်။ သူက အလင်းဦးနှောက်ကိုသာ ဖွင့်လျက်  ကားပျံကို ခေါ်သည်။

ယွမ့်ထန်းက ဒီညမှာလည်း တိုက်ရိုက် ထုတ်လွှင့်ချင်သည်။ ထို့ကြောင့် ယခုသာ မပြန်လျင် သူ၏ ပရိတ်သတ်များက စိုးရိမ်လာတော့မည်။

အပြန်လမ်းတွင်  ယွမ့်ထန်းက ဒီညအတွက် ချက်မည့်စာရင်းကို တွေးနေလိုက်သည်။ မနက်ပိုင်းက  ဒီည အစားကောင်း သောက်ကောင်းများ ပြင်ဆင်ပေးပါမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် ညစာအတွက် ကောင်းကောင်း လုပ်ရန် တွေးမိသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now