Epi(26) Zawgyi

2.5K 91 30
                                    


အပိုင်း(၂၆)

ညိမ်လည်း စိတ်ထဲတွင် ပေါ့ပါးခြင်းမရှိပါဘဲ အတွေးပေါင်းစုံနှင့်သာ အိမ်သို့ပြန်ရောက်လာသည်။
ဓာတ်လှေကားတွင်လည်း ထိုအကြောင်းအရာကိုသာ ‌စဉ်းစားနေတာဖြစ်သည်။ ခီ့ကိုလှမ်းကြည့်တော့ သူ့မျက်နှာ၌ ဘာအရိပ်အယောင်မှရှိ‌မနေ။ ရှိမနေဘူးဆိုတာထက် သူကပဲ အကဲမခတ်တာပဲလားမသိ။

ဒီကောင်လေးကိုက ခန့်မှန်းရခက်တာ!

ဘဲလ် တီးလိုက်တော့ ဆူးကတံခါးလာဖွင့်သည်။ ဆူးက မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ညိမ်နှင့်ခီအားကြည့်နေသည်။ ဆူးအကြည့်တို့ကြောင့် သူ့ခန္ဓာကိုယ်တောင် ကျုံဝင်သွားသလို ခံစားလိုက်ရသည်။

ဘာလို့...ငါကမဟုတ်တာလုပ်ထားသလို ကြည့်ခံနေရတာလဲ။

"ဆူးဒေဝီ ငါတို့အိမ်ထဲဝင်ရမှာလား "

ခီတန်ကူးဇဏ်ဟောက်လိုက်တော့မှ ဆူးဒေဝီက အနောက်သို့ဖြည်းဖြည်းချင်း ဆုတ်သွားသည်။

"ကိုကြီးတို့ ဘယ်ကပြန်လာကြတာလဲ "

"ဟင်"

ဆူးမေးခွန်းကြောင့် သူ့ခေါင်းထဲ၌ question mark တို့တန်းစီပေါ်လာရသည်။ သူနားမလည်နိုင်စွာ ခီ့ကိုပြန်လှည့်ကြည့်မိတော့ သူ့ပုံစံအတိုင်းခပ်တည်တည်သာဖြစ်သည်။

" ဘယ်ကပြန်လာပြန်လာပေါ့ နင်နဲ့ဆိုင်လား "

ခီ့ပုံစံက ပြောပြချင်ပုံမရတာကြောင့် ညိမ်လည်းအလိုက်သင့်သာနေလိုက်သည်။
ညိမ်လက်ထဲမှ ကြက်ကြော်ထုပ်ကို မြှောက်ပြလိုက်ရင်း…

"ဆူးတို့ စားရအောင် ၀ယ်လာတာ"

"ဟယ် ကြိုက်တယ်ကြိုက်တယ်"

ထိုအခါမှ ဆူးဒေဝီက စပ်ဖြဲဖြဲလုပ်ရင်း ကြက်ကြော်ထုပ်အား လှမ်းယူကာ မီးဖိုချောင်ဘက်သို့ ထွက်သွားသည်။

"ညိမ်..."

"ဟင်"

"ဘယ်သူဘာမေးမေး ဘာမှ အစအဆုံးပြောပြစရာမလိုဘူး ၊ သူတို့တွေက သိပ်အရေးပါနေတာမဟုတ်ဘူး "

"ဪ အင်း အင်း"

ခီကပြောပြီး သူ့အခန်းထဲသို့ ၀င်သွားသည်။ ညိမ်သာ အူလည်လည်နှင့် ဧည့်ခန်းထဲ၌ ကျန်ခဲ့တာဖြစ်သည်။

Love Of My Life [Completed]Where stories live. Discover now