18

17.1K 2.9K 156
                                    

Unicode

ရှီယွင်နန် ပြန်မေးလိုက်သည့် မေးခွန်းဟာ  မြန်လဲမမြန်သလို နှေးလဲမနှေးပေ။ ထိုစကားလုံးက မဒမ်ကျောင်းရဲ့ နားထဲသို့ ရောက်သွားသောအခါ၊ 'တမင်တကာ ရန်စခြင်း' အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မဒမ်ကျောင်း မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး သူမရဲ့ ပါးလွှာသော နှုတ်ခမ်းထောင့်များက သူမရဲ့ စိတ်အခြေအနေကို သိသာထင်ရှားစွာ ပြသနေလေသည်။

ဒီပွဲရဲ့ အိမ်ရှင်မအဖြစ် ခန်းမထဲကို ဝင်လာပြီးကတည်းက ဧည့်သည်တော်တော်များများဆီကနေ မြှောက်စားခံခဲ့ရသည်။

အခုတော့ ဘယ်ကနေထွက်လာမှန်းမသိတဲ့ မျက်နှာသစ်လူငယ်လေးတစ်ယောက်က သူမအမုန်းဆုံး မစ္စစ်လုံဘက်ကနေ ပြန်ပြောပေးရုံသာမက  သူမကိုပါ စိန်ခေါ်ရဲသည် ။

မစ္စကျောင်းက ရှီယွင်နန် မည်သူမည်ဝါဖြစ်သည်ကို  ထပ်မေးလာပြန်တယ်။

"မင်းက ဘယ်မိသားစုရဲ့ သခင်လေးလဲ? မင်းမိဘတွေက ဘယ်သူတွေလဲ?"

ဘေးနားရှိ ဝမ်းရိပေမှာ လေထုက အခြေအနေမမှန်တော့တာကို ရိပ်မိတော့  သူရှေ့တစ်လှမ်းတိုးပြီး ကူပြောပေးမလို့ရှိတုန်း  ရှီးခဲယွဲ့ က ဧည့်သည့်အုပ်စုထဲကနေ ထွက်လာတာကို တွေ့လိုက်ရ၏။

"မစ္စစ်ကျောင်း၊ ဒါက ကျွန်တော့အစ်ကို ရှီယွင်နန် ပါ။"

"သူက နိုင်ငံခြားကနေ ပြန်ရောက်တာ မကြာသေးဘူးဆိုတော့ မစ္စကျောင်း သူ့ကို မသိတာ ပုံမှန်ပါပဲ"  ရှီးခဲယွဲ့သည် မစ္စကျောင်းရဲ့ နံဘေးသို့ လျှောက် သွားကာ ဘေးချင်းယှဉ်ရပ်လိုက်ပြီး သူ့မျက်လုံးများက ဆန့်ကျင်ဘက်ရှိ ညီအစ်ကိုနှစ်ယောက်ကို တိတ်တဆိတ် ကျရောက်လာသည်။

ဝမ်းရိပေ မျက်နှာ အနည်းငယ် ဖြူဖျော့သွားပြီး တစ်ဖက်သားရဲ့ အကြည့်ကို အနည်းငယ် ရှောင်လိုက်သည်။

အမေနောက်ကလိုက်ကာ ရှိမိသားစုထဲသို့ ဝင်လာပြီး တတိယသခင်လေးဖြစ်လာသော ရှီးခဲယွဲ့နဲ့ပတ်သတ်ပြီး သူ့တွင် သဘောထားများစွာမရှိပေ။

သို့သော် အစ်ကိုကြီးတစ်ယောက်အနေနဲ့၊ သဘာဝအတိုင်း သူ့ညီကိုသာ ကူညီပေးချင်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now