148

4.5K 933 6
                                    

Unicode

“မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေးကောင်းတာပဲ..!”

အနားမှာ ဘယ်သူမှမရှိသလို ကြည်နူးနေတဲ့ လူနှစ်ယောက်ကိုကြည့်ရင်း ဟွမ်ပေ့ချန်တစ်ယောက် စိတ်ရှုပ်ထွေးလာတယ်။ ရင်းဆုယဲ့နဲ့ ရွှယ်ယို့ရှန်းကြားက ကောင်းမွန်တဲ့ဆက်ဆံရေးကို မနာလိုဖြစ်နေသလား၊ ဒါမှမဟုတ် ရင်းဆုယဲ့ရဲ့ယုံကြည်မှုကို ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ထားတဲ့ ရွှယ်ယို့ရှန်းကို မနာလိုဖြစ်နေသလား၊ သူ့ကိုယ်သူတောင် ဝေခွဲမရတော့ဘူး။

“ဒါပေါ့..!”

ရွှယ်ယို့ရှန်းက ဟွမ်ပေ့ချန်ဘာတွေးတွေး ဂရုစိုက်ပုံမပေါ်၊ ဒီအတိုင်း ထောက်ခံလိုက်တယ်။

ဘာပဲပြောပြော ရင်းဆုယဲ့က သူ့အပိုင်ဖြစ်နေပြီးသား၊ ဘယ်သူမှ စနိုက်ကြော်လို့မရဘူး..!

အခုချိန်မှာ ဟွမ်ပေ့ချန် နောင်တရချင်ရင်တောင် အချိန်မမီတော့ဘူး..!

ရွှယ်ယို့ရှန်းရဲ့ ရန်စမှုကို ဟွမ်ပေ့ချန်က အပြုံးဖြင့်သာ တုံ့ပြန်လာတယ်။ ပြီးနောက် ရင်းဆုယဲ့ဘက်လှည့်ကာ..

“ရင်းဆုယဲ့.. အခုလောက်ဆို ဟွမ်ထျန်ကို ဘုံရန်သူအဖြစ် သတ်မှတ်လို့ရပြီလား..?  အတိတ်ကရန်ငြိုးတွေကို ခနဘေးဖယ်ထားပြီး ပူးပေါင်းကြမလား..?”

အစောပိုင်းက ရင်းဆုယဲ့ကို သိမ်းသွင်းဖို့ ယုံကြည်ချက်မရှိခဲ့ပေမယ့် အခုတော့ ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို အတော်လေး ဂရုစိုက်မှန်း သိလိုက်ရတယ်။ ဟွမ်ထျန်ရဲ့ ဖြစ်တည်မှုက ရွှယ်ယို့ရှန်းရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာတာကြောင့် သူ့ရဲ့ကမ်းလှမ်းမှုကို ရင်းဆုယဲ့က ငြင်းပယ်မှာမဟုတ်မှန်း သေချာနေတယ်။

ရင်းဆုယဲ့က ချက်ချင်း အဖြေမပေးဘဲ ဟွမ်ပေ့ချန်ပြောခဲ့သမျှကို ဖြည်းဖြည်းချင်း စဉ်းစားဆုံးဖြတ်နေခဲ့တယ်။

“အရင်ဘဝတုန်းက မင်းအပေါ် မကောင်းခဲ့တာ ဝန်ခံပါတယ်.. ငါ့ရဲ့အမှားတွေကို ပြန်ပြင်ချင်တယ်..!”

ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကို ဟန်ဆောင်မှုကင်းတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ ရင်းဆုယဲ့လည်း သူ့အပေါ် အမှားလုပ်ခဲ့ဖူးသလို တိုက်ပွဲမှာ ငဲ့ညှာနေလို့မရဘူးလေ။ ဒါပေမဲ့ ဦးဆုံးအမှားလုပ်ခဲ့သူက သူ,ဖြစ်သောကြောင့် အရင်ဆုံး ဦးညွတ်ပေးဖို့ ဝန်မလေးခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now