Part-6

2K 198 6
                                    

<Unicode>
"သား!!
ထယ်လေး!!
ပြေး!!"

သွေးအိုင်ထဲတွင်လဲနေသော အဖေမှသူ့အား လှမ်းအော်နေခြင်းပင်။
ဟင်နရီမှာလည်း သူနှင့်ရွယ်တူသာဖြစ်သောကြောင့် ကလေးလေးနှစ်ယောက်မှာ မှောင်မဲနေသောသစ်တောထဲတွင်အသက်လုပြီးပြေးနေသည်။

ဝူးးးးးအူးးးးးးးဝူးးးးးးးးး

ကျယ်လောင်လွန်းလှသော သမန်းဝံပုလွေများ၏အော်သံမှာ အနောက်မှကပ်၍ပါလာသည်။သစ်ကိုင်းတွင်နားနေသော ကျီးများ၏ အော်သံများမှာလည်း တောအုပ်တစ်လျောက်ချက်ချင်းဆူညံသွားသည်။

"သခင်
အိပ်ပျော်သွားလို့မဖြစ်ဘူး!"

ပြေးရင်းပြေးရင်း ခြေထောက်မှာ နာလာသောကြောင့် ထယ်ယောင်းပင်ပန်းလာသည်။
ခြေထောက်မှာ သစ်ငုတ်များဖြင့် ခလုတ်တိုက်မိထားသောဒဏ်များကြောင့် တစ်ဆစ်ဆစ်နာလာပြီး လမ်းလျောက်ရန်ပင်အဆင်မပြေတော့။

ထယ်ယောင်းတို့မျိုးရိုးမှာ ကုသသူမျိုးရိုးဖြစ်တာကြောင့် ကိုယ်ထဲတွင် ထူးခြားသောသွေးများကစီးဆင်းနေသည်။
ထိုသွေးကိုသောက်သုံးရုံဖြင့် မည်သည့်ရောဂါမဆိုကုသနိုင်သောကြောင့် Vampireသာမကwolfများကပါ လိုချင်တပ်မက်ကြသည်။

ဝူးးးးးးးးး

ဝုန်း!!!!!

ကြီးမားလှသော သမန်းဝံပုလွေကြီးတစ်ကောင်မှာ ထယ်ယောင်တို့ရှေ့တည့်တည့်ကို ခုန်အုပ်လာသောကြောင့် ဟန်နရီမှာ ထယ်ယောင်းအား အနောက်သို့ပို့လိုက်ပြီး ဝံပုလွေထံသို့အကြည့်စူးစူးများပို့လိုက်သည်။

ဟန်နရီမှာ ကင်မ်မျိုးရိုး၏ အစေခံတစ်ယောက်ဖြစ်သော်လည်း အဆင့်မြင့်Vampireထဲတွင်ပါသည်။ သို့ကြောင့် ထယ်ယောင်း၏ အနီးကပ်ကိုယ်ရံတော်ဖြစ်နေခြင်းပင်။

"သခင်မကြောက်နဲ့!"

ဟန်နရီမှာ ဒူးအသာထောက်ချလိုက်ပြီး ဝံပုလွေခုန်အုပ်လာမည့်အချိန်ကိုစောင့်ဆိုင်းနေသည်။
ထယ်ယောင်းမှာကြောက်လွန်း၍ မျက်နှာများပင်ဖြူဖျော့နေပေပြီး။

ဝုန်း!!!!

ဝံပုလွေမှာခုန်အုပ်လာသည်နှင့် ဟန်နရီလည်း ခြေရင်းတွင်ရှိနေသော တုတ်တစ်ချောင်းအားယူကာ မျက်လုံးတည့်တည့်အားထိုးစိုက်ပလိုက်သည်။

Hey...My Son!Where stories live. Discover now