Part 41(Uni+Zawgyi)

5.5K 187 23
                                    

Uni

"ဖေ​ဖေ့ "

"သားဘာဖြစ်လို့လည်း "

"တား​ကျောင်းမသွားချင်ရို့"

​ခေတ်နဲ့ ​ရွှေဘုန်းက သားအတွက် ​ကျောင်း​ရွေးတာ ၁လ​ကျော်ကြာသွားသည်။ ဒီ​ကျောင်း​နဲ့သင့်​​​တော်လား၊ ဟို​ကျောင်းနဲ့သင့်​တော်လား စဥ်းစားရင်းနဲ့​ရွေးရခက်​နေကြတာ။​နောက်ဆုံး​တော့ international school တစ်ခုကိုရှာ​တွေ့ပြီး နှစ်​ယောက်လုံးစိတ်တိုင်းကျသွား၏ ။ international school ဆို​ပေမယ့် မြန်မာစာပါ ​သေချာ သင်​ပေးသည့်​ကျောင်းဖြစ်တဲ့အတွက် ​ရွေးလိုက်ကြတာ ။ တချို့ ​ကျောင်း​တွေက အင်္ဂလိပ် သီးသန့်လို​တွေ ဖြစ်​နေ​တော့ မြန်မာစာကို အိမ်မှာ ဆရာမ​ခေါ်သင်ရတဲ့အထိ ။ က​လေး​တွေကလည်းအင်္ဂလိပ်သာ ကျွမ်းကျွမ်းကျင် ကျင် ​ပြောဆို ​ရေးသားနိုင်တာ မြန်မာလိုအရမ်းအားနည်းတာ​တွေ ​တွေ့ရ​တော့ အဆင်မ​ပြေပါ ။ ​ခေတ်က သားကို အများကြီးမ​မျှော်လင့်ပါဘူး။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ မဟုတ်ဘူး ။ လူကြီးမိဘကို သိတတ်တဲ့ က​လေးဖြစ်ရင်​တော်ပြီ​လေ ။

"သား​လေး"

"ဂျာ "

"သား​ဒယ်ဒီ က ဘယ်သူလည်း "

"တားဒယ်ဒီက ဦး​ရွှေဘုန်းတန်ခိုးပါ "

"ဟုတ်ပြီ
သားဒယ်ဒီက ဘာအလုပ်လုပ်တာလည်း "

"တားဒယ်ဒီ က လုပ်ငန်းစု အုပ်ကထ "

"သားဒယ်ဒီ့ လို ဖြစ်ချင်တယ်ဆို "

"ဟုတ် တားကကြီးရင်ဒယ်ဒီလို အုပ်ကထ လုပ်မှာ "

"ဒါဆို သား​လေးက ​ကျောင်းတက်မှဖြစ်မှာ​ပေါ့
ဒယ်ဒီက သားအရွယ်ထဲက​နေ အခုထိ ​ကျောင်း​တွေ တက်တုန်း​နော် "

"ဟုတ်​ဖေ​ဖေ
ဒါဆို ကိုးလည်း ​ဒယ်ဒီလို​ကျောင်းတက်မယ်​ရေ "

သားရဲ့ idol က သူ့ဒယ်ဒီပါ ။ သူ့ ဒယ်ဒီကို အရမ်း အားကျတဲ့သူပါ ။ ပြီးခဲ့အပတ်က မာမီတို့​ရွှေအိမ်​တော်ကို သွားလည်ပြီး ​သူ့ဒယ်ဒီ ငယ်ငယ်က တန်းစဥ်ဆုယူတဲ့ ဓါတ်ပုံ​တွေ ကြည့်လာပြီး သူ့ ဒယ်ဒီလို စာ​တော်​အောင် လုပ်မယ်ဆိုတာကြည့်ပဲ​ပြော​နေတာ ။ သူ့ဒယ်ဒီကို အားကျ တာလည်းမ​ပြောနဲ့​လေ ​မောင်က အရမ်း​တော်တာ ဘာသာစကား၅မျိုး​ကျော်တတ်တာ ။ အခုလည်း အလုပ်အတွက်လိုအပ်လို့ဆိုပြီး ဂျာမန် စကား​ပြော အ​ရေးအဖတ်ကို အိမ်မှာ ​ခေါ်သင်​နေပြန်ပြီ​လေ။ သူ့​နောက် project က IT solution market လုပ်မှာမို့ IT ပိုင်းကိုလည်း လွန်ခဲ့တဲ့ ၁နှစ်​လောက်ထဲက မအားတဲ့ကြားထဲ ​သေ​သေချာချာ သင်ယူခဲ့တာ ။အခု နှစ်ကုန်ပိုင်းဆို Golden Apex IT solution market ကြီးက ခန်းနားထည်ဝါစွာ မြန်မာပြည်အနှံ့ မြို့တိုင်းမှာ ​ပေါ်​ပေါက်လာအုန်းမှာ ပါ ။

Forever Together  (Completed)Where stories live. Discover now