Chapter - 98

7.1K 1.1K 106
                                    

"ကြိုဆိုပါတယ်~~~"

နှစ်သစ်ကူးညမှာ convenience store ကို လာတဲ့လူက များများစားစား မရှိလှပေ။ automatic တံခါးပွင့်တဲ့အသံကြားတော့ ကောင်တာထိုင်တဲ့ဝန်ထမ်းက တန်းနှုတ်ဆက်လာတယ်၊ ဝင်လာတာက အထက်တန်းကျောင်းသား ဖြစ်ပုံရတဲ့ ကောင်လေးနှစ်ယောက်။

နှစ်ယောက်လုံးက ချောတယ်၊ ဒါပေမယ့် ရာသီဥတုက အေးတာကြောင့်ဖြစ်မယ်ထင်၊ တစ်ယောက်က နှာခေါင်းတွေ ရဲတောက်နေပြီး နောက်တစ်ယောက်ကတော့ နားရွက်တွေ နီရဲနေလေတယ်။

နှစ်ယောက်က ကောင်တာဆီကို တည့်တည့်လျှောက်လာတယ်။

Alpha ဖြစ်ပုံရတဲ့ အရပ်မြင့်မြင့်ကောင်လေးက ချောင်းအသာဟမ့်ရင်း ကောင်တာရှေ့တည့်တည့်မှာရှိတဲ့ခြင်းထဲက ပစ္စည်းကို လှမ်းယူတယ်။

အဲ့ဒီနေရာကနေ ဘာယူလိုက်တယ်ဆိုတာကို ကောင်တာဝန်ထမ်းလေးအနေနဲ့ တစ်ချက်ကြည့်ရုံနဲ့ တန်းသိတယ်၊ အဲ့တာကြောင့်လည်း သူအံ့ဩသွားတယ်၊ သူ မနေနိုင်စွာ alphaရဲ့ဘေးက ကောင်လေးကို တစ်ချက်လှမ်းကြည့်မိတယ်။

တစ်ဖက်လူရဲ့မျက်နှာတစ်ဝက်လောက်က အနွေးထည်ထဲမှာ မြုပ်နေတယ်။ ဒါပေမယ့် အဲ့လိုမြုပ်နေတဲ့ အနေအထားမှာတောင် ဖွေးဥချောမောနေတဲ့ အသွင်ပြင်ကို တွေ့နိုင်တယ်။

ကောင်တာဝန်ထမ်းလေး ငေးနေတုန်းမှာပဲ ခုနပစ္စည်းယူတဲ့ကောင်လေးဆီက ရုတ်တရက် စကားသံထွက်လာတယ်။
"ဘာအရသာယူမှာလဲ?"

ပြောတဲ့ကောင်လေးရဲ့ နားရွက်တွေကနေ ပါးပြင်တွေအထိ အကုန်ရဲတက်သွားတာတွေ့လိုက်ရတယ်၊ သူ့ကြည့်ရတာ အတွေ့အကြုံရှိဟန်မတူ တည်ငြိမ်ချင်ယောင်ဆောင်နေတာနဲ့ ပိုတူတယ်။

တစ်ဖက်ကကောင်လေးက သူ့(ကျန့်ယောင်)ကို မသိမသာ လှမ်းကြည့်လာပြီး
"ဘာပဲဖြစ်ဖြစ်ပါ၊ စားမှာမှမဟုတ်တာ"

ခနကြာတိတ်ဆိတ်သွားပြီးနောက် သူက ဆက်မေးလာတယ်။(ရင်းချယ်က)
"မင်းက ငါ့ကိုစားခိုင်းချင်နေတာလား?"

မေးပြီး လေထုမှာ သုံးစက္ကန့်လောက် ငြိမ်ကျသွားတယ်။

....

ကောင်လေးနှစ်ယောက် ငွေရှင်းပြီး ထွက်သွားတဲ့အထိ ကောင်တာစာရေးလေးရဲ့ မျက်နှာအပူချိန်ဟာ ဘယ်လိုမှ လျော့ကျမသွားခဲ့ပေ၊ အဲ့ဒီခုနက alphaလိုပဲ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now