အခိရာ(Arc -6.2)

9.8K 757 17
                                    

<Unicode>
"အသက် ထတော့"

"အင်းး ငါးမိနစ်"

"ဟုတ်ပီ ငါးမိနစ်ပဲ"

အခိရာဒီအိမ်ရောက်တာသုံးရက်ရှိပီ။မိုရုကစည်းကမ်းစာချုပ်သာပေးပီးသဘောတူချက်စာချုပ်ကိုတော့မပေးပါ။သူပြောတာကအသက်ကသေတဲ့အထိကိုယ်နဲ့ပဲနေရမှာတဲ့။ခုချိန်ထိတော့သူ့ကိုလိုတာထက်ပိုပီးအသားမယူပဲကလေးတစ်ယောက်လိုသာဂရုစိုက်ပေးသည်။တစ်ခါတစ်လေသူအပြစ်လုပ်ရင်တော့ဒဏ်ပေးတတ်သည်။

"ငါးမိနစ်ပြည့်ပီအသက် ထတော့!"

"အင်းး"

လူးလှိမ့်ကာတဖက်သို့လှည့်ပီးပြန်အိပ်ပျော်သွားတဲ့အခိရာကြောင့်..

"အသက်!ထ အခု!"

ကျယ်လောင်တဲ့အော်သံကြောင့်အခိရာလန့်ဖြန့်ပီးငုတ်တုတ်ထထိုင်ရတော့သည်။

"မျက်နှာသွားသစ် ကိုယ်အောက်မှစောင့်နေမယ် 15မိနစ်ပဲနော်တစ်မိနစ်တောင်နောက်မကျစေနဲ့ မဟုတ်ရင်ကိုယ့်အကြောင်းသိတယ်မလား"

အခိရာခေါင်းငြိမ့်ပြတော့..

"ကိုယ်မေးရင်ပါးစပ်ကဖြေရမယ်လို့ပြောထားတယ်လေ!!"

"ဟုတ် ဟုတ် သခင် အဲ ကိုကို"

"သွားတော့!"

ကုပ်ကုပ်လေးရေချိုးခန်းထဲဝင်သွားတဲ့အခိရာကြောင့်မိရုသင်ပြင်းချလိုက်မိသည်။9နာရီထိုးနေပီမို့ဆက်အိပ်နေရင်ခေါင်းမူးတတ်တာထိုကလေးရဲ့အကျင့်ပင်။အိပ်ရာထနောက်ကျတိုင်းမနက်စာစားမဝင်တဲ့ယုန်ဖြူလေးကြောင့်သူ့မှာအမြဲတမ်းမအော်ချင်ပဲအော်နေရသည်။ရုပ်လေးကသာကြောက်ပြနေတာစိတ်ထဲမှာသူ့ကိုဘယ်လောက်တောင်ကျိန်ဆဲနေမလဲသူသိပါသည်။ထိုဂျစ်ကန်ကန်ကောင်လေးနဲ့သူ့လိုစိတ်ကြီးတဲ့သားရဲတစ်ကောင်ဘယ်လိုနှစ်ပါးသွားမလဲသူအမြဲတွေးပူနေရသည်။

......

မုန်လာဥကိတ်လေးနဲ့နွားနို့ကိုအသင့်ချပေးကာသူကတော့ကော်ဖီခါးတစ်ခွက်ကိုသာအလွယ်ဖျော်သောက်လိုက်သည်။

"ကိုကို ဟီးး"

ဝင်လာတကည်းကသွားဖြဲကာသူ့ကိုအချိုသတ်နေတဲ့ယုန်ပေါက်လေးကနားရွက်လေးတေရဲနေတာကြောင့်အေးနေပုံရသည်။

Love System (Completed)Where stories live. Discover now