အပိုင်း(6) Un Zaw

4.8K 398 20
                                    

ညနေ နေရီနေရီ ထန်းရေသောက်ခ်ျန်လေးနီးလာပြီး အော့

ယောက်ဖရေ နေတောင်တော်စောင်းပြီး ချောင်းထဲမှရေချိုးဆင်းကြမယ်

ဟိုး‌ဟိုး ဟိုမှလာနေတာ မြို့ကဆရာလေးမလား

ခွပ်ဒေါင်းကျော်ကြီးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ အပေါ်ပိုင်းအကျီမပါဘဲ ရေဆွဲပုံးကိုလက်ကဆွဲပြီး ခွပ်ဒေါင်းတို့ဆီလျောက်လာတဲ့  မြို့ကကလေးလူကြီး

"မင်းတို့ဟိုဘက်လမ်းကနေစောင့်နေ ပြီးရင်ငါလာခဲ့မယ်

"အာစိတစ်ယောက်ထဲဖြစ်ရဲ့လားတော်ကြာမြို့ကဆရာလေးရှေ့ မှောက်ယက်လဲနေမှာ အရှက်တွေကွဲနေပါအုံးမယ်

" မင်းတို့ဆရာဘယ်သူလဲသိတယ်မလား

"သိပါတယ်အဲ့တာဆိုငါပြောသလိုလုပ်သွား

"ဟုတ်ဟုတ်

နွေဦးဆီကို ယှိင်တိုင်တိုင်နဲ့လျှောက်လာပြီရှေ့တည့်တည့်ကနေပိတ်ရပ်လိုက်တဲ့သူကြောင့်ဘာလဲဆိုပြီးမေးငေါ်ပြလိုက်တော့

" ဒီမယ်ခင်ဗျား ရွာထဲကမိန်းကလေးတွေကိုမြူစွယ်နေတာလား

ထန်းရေနံ့သထောင်းထောင်းနဲ့ထွက်လာတဲ့စကားကို ထိုးပစ်ချင်စရာ ကိုယ်အသက်ကိုကယ်ပေးထားလို့ပေါ့ မဟုတ်လို့ကတော့ ဆွဲထိုးပစ်လိုက်ပြီလူကိုများစော်စော်ကားကား မြူစွယ်တယ်တဲ့ ဟားတိုက်ပြီးတောင်ရီလိုက်ချင်သေးတယ်

"ဒီမှာခင်ဗျားကျုပ်ပြောနေတာမကြားဘူးလား

"ကြားတယ်

"ကြားရင်ပြန်ဖြေလေ

"ငါကဘာကိုဖြေရမှလဲ ငါရေသွားချိုးမလို့
အကျီချွတ်လာတာလေ အဲ့တာနဲ့ဘဲ မိန်းကလေးတွေမြူစွယ်တယ်ဖြစ်ရောလား

" မသိဘူးလေ ခင်ဗျားကပြောရတာကျနေတာဘဲ

" မင်းဘာစကားပြောတာလဲ မင်းစကားတွေ လွန်လာပြီနော် မင်းငါ့အသတ်ကိုကယ်ပေးထားလို့ ငါဒီလောက်သည်းခံနေတာ မဟုတ်ရင်ငါမင်းကိုဒီနေရာမှတင်ဆွဲထိုးပစ်လိုက်ပြီး

"လာစမ်းပါ ခင်ဗျားကျုပ်အရပ်ကိုမှီရင်ထိုးလိုက်လေ အော့ ငုံးဥလောက်ဗလလေးနဲ့ကို ကျုပ်ကကြောက်မယ်ထင်နေလား လာစမ်းပါ

ဒေါင်းWhere stories live. Discover now