Chapter - 39

11.8K 721 40
                                    

မုဒြာနဲ့အဆက်အသွယ်လုပ်မရတော့ ဇွဲက ယံယံထံဆက်သွယ်လာသည် ။

" ယံယံ မုဒြာအဆင်ပြေရဲ့လား … ဧကရာဇ်မောင်ဆိုတဲ့ကောင် ငါ့ကိုမုဒြာနဲ့ ဖုန်းလေးတောင် ပေးမပြောဘူး "

" အာ … အင်း မုဒြာအဆင်ပြေပါတယ် … မွေးဖွားချိန်နားနီးလာတော့ အိမ်မှာပဲ နေနေတယ်လေ "

" အဲ့လိုသိရတော့ ငါလဲစိတ်အေးရတာပေါ့ … မင်း ဧကရာဇ်မောင်ကိုလဲ သေချာကုသပေးလိုက်ဦး … သူ့ပုံစံကအရင်ကထက် ပိုခက်ထန်လာတယ် "

" စိတ်ချပါ … သူတို့ကိုငါဂရုစိုက်လိုက်ပါ့မယ် "

ဇွဲဖုန်းချသွားတော့မှ ယံယံသက်ပြင်အရှည်ကြီးချလိုက်သည် ။ တကယ်တော့ ယံယံလဲ မုဒြာနဲ့အဆက်အသွယ်မရသလို ဧကရာဇ်မောင်ရဲ့ကျန်းမာရေးအခြေအနေကိုလဲ စစ်ဆေးခွင့်မရပေ ။

ဇွဲကိုသာအမှန်တိုင်းပြောလိုက်လျှင် ဇွဲကငြိမ်မနေပဲ ဧကရာဇ်မောင်အား ပြဿနာရှာလိမ့်မည် ။ ထိုအခါမှ ဧကရာဇ်မောင်ဟာ မုဒြာကိုမေမြို့ထက်ဝေးတဲ့ဘယ်နေရာကိုခေါ်ပြီးဖွက်ထားမလဲမသိနိုင်၍ ယံယံလိမ်ညာလိုက်ရခြင်းဖြစ်သည် ။

မုဒြာလဲမွေးဖွားချိန်နီးပြီမို့ သူတို့ရဲ့အစီအစဉ်ကို စတင်အကောင်အထည်ဖော်ဖို့လိုလာပြီ ။ ဒီတစ်ခေါက်သာမအောင်မြင်ခဲ့ရင် မုဒြာနဲ့ဧကရာဇ်မောင်ကို ကူညီနိုင်ဖို့ အခွင့်အရေးမရှိတော့ပေ ။ မုဒြာက ဧကရာဇ်မောင်ရဲ့ချုပ်နှောင်မှုတွေကြောင့် ပိုပြီးစိတ်မွန်းကြပ်လာသလို ဧကရာဇ်မောင်ဟာလဲ မုဒြာကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့် သူ့ရဲ့ရောဂါအခြေအနေကပိုဆိုးလာသည် ။

မုဒြာ မနေချင်တဲ့ချုပ်နှောင်ခံရသည့်ဘဝကနေလွတ်မြောက်ခွင့်ရဖို့နဲ့ ဧကရာဇ်မောင်ရဲ့ မတည်ငြိမ်တဲ့စိတ်တွေကို ပြန်လည်စုစည်းနိုင်ဖို့ အကောင်းဆုံးအရာက သူတို့အား ခွဲထားလိုက်ခြင်းသာဖြစ်လိမ့်မည် ။ ထိုသို့ပြုလုပ်မှသာလျှင် မုဒြာလဲလွတ်လပ်တဲ့ခံစားမှုကိုရရှိကာ ပျော်ရွှင်နိုင်သလို သူ့ရဲ့စိတ်ဒါဏ်ရာတွေကိုလဲ ကုစားနိုင်မည် ။

ထိုရွေးချယ်မှုက ဧကရာဇ်မောင်အတွက်တော့ ခက်ခဲနိုင်ပေမဲ့ သူကြာက်ရွံ့နေတဲ့ဆုံးရှုံးမှုကိုခံစားရပြီးနောက်တွင် အဆွဲအလမ်းတွေကိုလက်လျော့ကာ သူ့ဘဝသူကယ်တင်နိုင်ဖို့ အခွင့်အရေးရနိုင်သည် ။ မျဉ်းပြိုင် နှစ်ခုလိုဖြောင့်တန်းပြီး ဘယ်လိုမှစုံစည်းခွင့်မရနိုင်တဲ့ သူတို့ဘဝကို ဦးတည်ချက်ပြောင်းလဲကာ မိမိနှစ်သက်ရာသို့ရွှေ့လျှားစေလိုက်တာကမှ တစ်ချိန်ချိန်မှာ ပြန်လည်စုံစည်းဖို့အခွင့်အရေးရှိမည်ပင် ။  သူတို့ပြုလုပ်မိတဲ့အမှားတွေကြောင့် ဒီတစ်နည်းသာ သူတို့အတွက်အကောင်းဆုံးဖြစ်သည် ။ သူတို့အတွက်အနည်းငယ်တော့ နာကျင်ရမည်ဆိုပေမဲ့ပေါ့ …

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now