Chapter 180

18.5K 2.5K 66
                                    

Unicode

ခွေးတစ်ကောင်မွေးမဲ့ ဆုံးဖြတ်ချက်နဲ့ ဇာတ်ညွှန်းအသစ်
________________________________

ယန်းချင်းချီ ကျန်းမော့ချန် ပြန်လာမှာကိုစောင့်ရင်း ဟင်းအမယ်သုံးလေးမျိုး ထပ်ချက်လိုက်သည်။ ကျန်းမော့ချန်ကတော့ ချီချီကိုဝင်ကြိုလိုက်သေးကာ ကလေးက သူ့ကိုတွေ့တာနဲ့ ဝမ်းသာအားရပြေးဖက်လေသည်။ ကားထဲရောက်တော့လည်း သူ့ရင်ခွင်ကိုမှီထားရင်း ကျောင်းကိစ္စတွေနဲ့ သူငယ်ချင်းတွေအကြောင်း တတွတ်တွတ်ပြောပြနေပြီးနောက် ရှေ့နှစ်ရက်က အတန်းတွင်းပန်းချီပြိုင်ပွဲမှာ ပထမဆုရခဲ့ကြောင်းကိုလည်း ပျော်ပျော်ရွှင်ရွှင် ကြွားလုံးထုတ်နေသေးသည်။

ချီချီကပြောနေရင်း ကျောပိုးအိတ်ဇစ်ဖွင့်ကာ ပထမဆုရထားသည့် ပန်းချီကိုထုတ်ပြီး ကျန်းမော့ချန်ကိုပြလိုက်သည်။ ပန်းချီမှာ ခွေးနှစ်ကောင် နေပူကြီးထဲ အချင်းချင်းစနောက်ကိုက်ဖဲ့နေပုံဖြစ်ပြီး လက်ရာက ကလေးဆန်သေးသော်ငြား တခြားကလေးတွေရဲ့တောင်ခြစ်မြောက်ခြစ်ထက်တော့ ပိုသာသည်။ ကျန်းမော့ချန် ထိုပုံလေးကိုကြည့်ရင်း ပန်းချီဆွဲတဲ့နေရာမှာတော့ ချီချီကသူတို့ကလေးအရင်းမဟုတ်သော်ငြား ယန်းချင်းချီလိုပါရမီရှိသည်ဟု တွေးလိုက်မိသည်။ ဒါကပဲ သူများတွေပြောပြောနေတဲ့ ရေစက်ဖြစ်နိုင်သည်။

'' ချီချီကတော်လိုက်တာ '' ကလေးကိုချီးမွမ်းပေးနေရင်း ချီးကျူးသင့်တဲ့လူကိုလည်း ချီးကျူးပေးဖို့မမေ့။ '' သားပါးပါးလိုပဲ ''

ချီချီက မျက်လုံးများမှေးမှိတ်တဲ့အထိ ဝမ်းသာအားရပြုံးပြနေကာ ကျန်းမော့ချန်ကိုကြည့်ပြီး တိုးတိုးလေးပြောလာသည်။

'' ဒါဆို သား ခွေးလေးတစ်ကောင်လောက် မွေးလို့မရမလားဟင် ''

'' ချီချီက ခွေးမွေးချင်လို့လား ''

ချီချီက ခေါင်းငြိမ့်ပြကာ

'' ခွေးလေးတွေက အားကြီးချစ်ဖို့ကောင်းတာ မွေးလို့ရမလားဟင် ''

ကျန်းမော့ချန် ခဏလောက်စဥ်းစားနေလိုက်ပြီးမှ

'' မွေးလို့တော့ရတယ် ဒါပေမဲ့အခုတော့မဟုတ်သေးဘူး ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now