အခန်း◀၂၄▶

1K 164 34
                                    

ဒီပါချမ်းမြသည် ယခုညမှာ ခါတိုင်းညတွေနဲ့မတူပေ။ခြံကျယ်ကြီးတလျောက် ဖြူလင်းတောက်ပသော မီးတိုင်တွေ တနေရာနဲ့တနေရာ သွယ်တန်းထားသော မီးရောင်စုံတန်းတွေနဲ့ ခမ်းနားစည်ကား၍နေသည်။နဂိုကပင် ကြီးမားကျယ်ပြန့်၍ စဉ်ဆက်မပြတ်ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ခြံကြီးမှာ အခုလို အထူးတလည် ပြင်ဆင်ထားတဲ့အခါ ငေးကြည့်၍ပင်မဝအောင်ခမ်းနားတင့်တယ်ပါပေသည်။

စားပွဲဝိုင်းများမှာ ရွှေရောင်အနားကွပ် စားပွဲခင်းအဖြူများနဲ့ချည့်သာလွှမ်းထားလျက် ကုလားထိုင်တွေဟာ ရွှေရောင်ဖဲပြားပွင့် ပုံဖော်စည်းထားသော ကုလားထိုင်စွပ်ဖြူဖြူများစွပ်လျက်။စားပွဲထိုးမည့်လူတွေဟာလည်း ရှပ်အင်္ကျီဖြူ အောက်ကဘောင်းဘီအနက်နဲ့ ခါးစည်းဖုံးဖြူစွတ်စွတ်တို့ကို ခါးမှာပတ်ထားတဲ့ဆင်တူဝတ်စုံများနှင့်။အခမ်းအနားကမစသေးတာမို့  စားပွဲတို့နဲ့နီးသောဘေးနေရာတို့၌ လက်နှစ်ဖက်ယှက်ကာ အသင့်အနေအထားနဲ့ ရပ်၍နေကြသည်။

အရင်ကဆို ဒေါ်မြသက်ထားက တစ်ခုခုလုပ်တော့မယ်ဆိုပါလျင် ရှိရှိသမျှမိသားစုတွေထဲက လာနိုင်သမျှမြေးပေါင်းစုံကိုခေါ်ယူစည်းဝေးကာ ဘယ်သူကဘယ်တာဝန်ကိုရယူရမည် ဆိုတာမျိုးခွဲဝေတာဝန်ပေးကာ စေခိုင်းနေကျပါ။စေတမန်တို့ သိဒ္ဓိတို့လို အကြီးတွေဆိုရင် ဘာတာဝန်လို့အတည်တကျမဟုတ်တော့ပဲ နေရာအစုံမှာကြီးကြပ်ကွပ်ကဲကာ ထောင့်စေအောင်ပါနေရကျပါပဲ။

အခုတော့ ဘာမှလုပ်စရာမရှိတာမို့  ထောင့်တစ်နေရာမှာယောင်လည်လည်လုပ်နေကြရသည်။သူတို့နှစ်ယောက်ကတမင်ပင်အစောကြီးလာကြတာ။မရွှေစင်လည်းရှိနေတာမို့ ရောက်ရောက်ချင်းပဲ ဘာလုပ်ပေးရဦးမလဲဆိုတာလည်း သွားမေးပြီးပြီ။

"ဘာမှလုပ်စရာမရှိဘူး... ခြံထဲမှာအေးအေးဆေးဆေးသာနေကြ ဒီပွဲကငါ့မြေးတွေကိုပွဲထုတ်မှာ... ကျော့ကျော့လေးသာနေကြ"

ဘွားက သူ့အခန်းထဲမှာပြင်ဆင်ဝတ်စားနေရင်း အရှေ့အနောက်တန်းစီဝင်လာတဲ့မြေးတွေကိုကြည့်ကာ အားရသလို ကျေနပ်နှစ်သက်စွာပြုံးနေခဲ့သေး၏။

မလုပ်နဲ့ဆိုတော့လည်း ပြီးတာပဲပေါ့။အအေးတစ်ဗူးစီယူကာ သူတို့ခြံထဲပြန်ဆင်းလာကြသည်။နည်းနည်းငယ်တဲ့ကလေးတွေကတော့ ဘာမှမလုပ်ရသဖြင့်ပိုအကြိုက်ကျကာ ခင်းကျင်းထားသည့် စားသောက်ဖွယ်ရာစားပွဲရှည်ကြီးနားမှာ တဝဲလည်လည်ချောင်းမြောင်းနေကြလေသည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now