Chapter 185

19K 2.8K 541
                                    

Unicode

ယန်းချင်းချီ ဆုရသွားပြီ! ကျန်းမော့ချန်ကလည်း သူတို့ဆက်ဆံရေးကို တရားဝင်ထုတ်ပြလိုက်တယ်
__________________________________

ဧပြီလရောက်လာတော့ ယန်းချင်းချီနဲ့ ဖုမင်ကျီးတို့နှစ်ယောက် ကျင်းယန့်ဆုပေးပွဲတော်ကို အတူတူတက်ရောက်ကြသည်။

ဖုမင်ကျီးက မေးလာသည်။

'' စိတ်လှုပ်ရှားနေပြီလား ''

ယန်းချင်းချီ ပြုံးပြလိုက်ကာ

'' တော်တော်လေး စိတ်လှုပ်ရှားပြီးသွားပြီ အခုတော့အေးဆေးပါပဲ ''

သူ တကယ်လည်း အမှန်တွေပြောနေခြင်းဖြစ်သည်။ သူ ဒီကိုထွက်မလာခင် ကျန်းမော့ချန်တစ်ယောက် သူ stressတွေပိကာ စိတ်လှုပ်ရှားနေမှာစိုးသဖြင့် ညလုံးပေါက်နီးပါး အတွေ့အကြုံတွေ ပြန်မျှဝေရင်း၊ ဆုပေးပွဲရဲ့ တရားမမျှတမှုတွေအကြောင်း ပြောပြပြီး စိတ်ဖြေဖျောက်ပေးနေခဲ့သည်။ ဆုမရခဲ့လျှင် ယန်းချင်းချီအမှားကြောင့်မဟုတ်ပဲ ကံကကိုယ့်ဘက်မပါလို့ ဒါမဟုတ် ဒိုင်တွေမျက်စိမကောင်းလို့ဟု ​ပြောလာတာကြောင့် ယန်းချင်းချီမှာ ညကြီးမင်းကြီးထရယ်လိုက်ရသေးသည်။ ကျန်းမော့ချန် သူ့အတွက် စိတ်ပူပေးနေတာကို အရမ်းသဘောကျတာကြောင့် တဖက်လူရဲ့အနွေးဓာတ်ကိုခံစားရင်း တဖြည်းဖြည်းအိပ်ပျော်သွားလေသည်။

ထို့ကြောင့် အခုအချိန်မှာ ယန်းချင်းချီပုခုံးပေါ်တွင် ဖိအားတွေ၊ စိတ်ဖိစီးမှုတွေရှိမနေပဲ စိတ်နှလုံးကြည်လင်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမော့ချန်က အပြစ်ဟူသမျှကို တခြားလူတွေဆီ ဝှီးခနဲ ဝှီးခနဲ ကူပစ်ပေးထားတာကြောင့် ဆုမရ,ရသည့်အကြောင်းအရင်းက သူနဲ့မဆိုင်ရေးချမဆိုင် လုပ်နေရသည်မှာ မသိလျှင် ကြာပန်းဖြူလေးလိုပင်။

《 မြူနှင်းကြားက သိုင်းသမား 》ဇာတ်ကားဖြင့် ကျင်းယန့်ဆုပေးပွဲမှာ ဆုမရခဲ့လျှင်တောင် အခြားဆုပေးပွဲမှာ ရလောက်သည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုကားက ဖုမင်ကျီးဖန်တီးထားသည့် လက်ရာကောင်းတစ်ခုဖြစ်နေသောကြောင့်ပင်။ ဖုမင်ကျီးက ဆုမရရအောင်ရိုက်တတ်သည့် ဒါရိုက်တာတစ်ယောက်ဟု လူသိများတာကြောင့် သူမရိုက်ထားသည့် ဇာတ်ကားတွေက လက်ချိုးရေတွက်ကြည့်လို့ရသော်ငြား အားလုံးကလည်း အရည်အသွေးမြင့်မားတဲ့အတွက် သူမအရည်အချင်းကိုယုံကြည်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now