Chapter 186

19.2K 2.7K 179
                                    

Unicode

ကွာစေ့ကိုက်နေတဲ့ဖြတ်လျှောက်တွေနဲ့ အနုပညာရှင်အပေါင်း၊ Fanအပေါင်းတို့ရဲ့ အံ့သြမှင်သက်ဂယက်ထမှု
__________________________________

ဒီလိုအချိန်မျိုးမှာ ဝေ့လန်တို့ကပဲ ရှေ့ကနေ ဦးဆောင်ဦးရွက်ပြုရသည်။

[ ပန်းတွေကြဲ! ကောင်းချီးတွေကြဲ! နှစ်ပေါင်းရာကျော် တည်မြဲပါစေ! ]

ဒုတိယတစ်ယောက်ကတော့ စွင်းရွှင်ဖြစ်သည်။ ကျန်းမော့ချန်ရဲ့သူငယ်ချင်း တစ်ဖြစ်လဲ ယန်းချင်းချီနဲ့လည်းရင်းနှီးသူပီပီ သူတို့အကြောင်းကိုသိထားသည့် အတွင်းလူတစ်ယောက်အနေနဲ့ ထိုအတွဲကို ကောင်းချီးသြဘာစွန့်ကြဲသည့် ဒုတိယမြောက်လူဖြစ်လာတာကတော့ အံ့သြစရာမရှိပေ။

[ ဒီတစ်ခေါက် ခွေးစာကြဲတာကြီးကတော့ အရမ်းလွန်လွန်းတယ်ကွာ ]

အံ့သြမှင်သက်နေသည့် ချန်ရွှမ်းလန်လေးခင်ဗျာ ယန်းချင်းချီ Wechat ကိုအပြေးလာကာ

[ မင်းတို့နှစ်ယောက် တွဲနေကြတာလား ]

[ ဟုတ်တယ် ]

ဒါကြီးက အရမ်းကိုဆန်းကြယ်လွန်းသည်ဟု တွေးမိတာကြောင့်

[ ဘယ်အချိန်ကတည်းကလဲ ]

ယန်းချင်းချီလည်း ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်နေစဥ် ချန်ရွှမ်းလန်က ထပ်မေးလာသည်။

[ မင်းတို့ 《 အကောင်းဆုံးပါတနာ 》ရိုက်နေတုန်းကလား ]

ယန်းချင်းချီလည်း မျက်နှာဝိုင်းstickerလေး ခေါင်းငြိမ့်နေသည့်ပုံပို့ကာ ချော်လဲရောထိုင်လုပ်ပစ်လိုက်သည်။

ယန်းချင်းချီလည်း မျက်နှာဝိုင်းstickerလေး ခေါင်းငြိမ့်နေသည့်ပုံပို့ကာ ချော်လဲရောထိုင်လုပ်ပစ်လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချန်ရွှမ်းလန် : [............. မင်းဖုံးထားတာ အရမ်းပိရိတာပဲ! ]

သူ နောက်ဆုံးမှာ တုံ့ပြန်လာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now